Active and Passive

​​ရေချိုး​​ရင်း​​၊​ ထမင်း​​စား​​ရင်း​​၊​ စက်ဘီး​​စီး​​ရင်း​​၊​ တခါတ​​လေ အလုပ်လုပ်ရင်း​​ ​​လျှောက်​​တွေး​​မိတာ​​တွေပါ၊​ မြန်မာစာကို ​​နေ့​​စဉ်သုံး​​​လောက်ရုံ အ​​ပေါ်ယံပဲသိထား​​သူအ​​နေနဲ့​​ ဒီလိုဟာမျိုး​​​တွေ ​​လျှောက်​​တွေး​​ ​​လျှောက်​​ရေး​​ရတာကလည်း​​ အရသာတမျိုး​​ဗျ။ ဆိုခဲ့​​သလို ကျ​​နော်သိတာ​​လေး​​​တွေက အ​​ပေါ်ယံပဲဆို​​တော့​​ ​​အောက်မှာ​​ရေး​​သွား​​မယ့်​​စာ​​တွေထဲမှာ အမှား​​ပဲဖြစ်ဖြစ်၊​ လိုအပ်​​နေတာပဲဖြစ်ဖြစ် ​​တွေ့​​ခဲ့​​လို့​​ရှိရင် အား​​မနာတမ်း​​ ​​ထောက်ပြကြပါလို့​​ ကြိုပြီး​​​မေတ္တာရပ်ခံပါတယ်။

ကြိယာ​​တွေအ​​ကြောင်း​​ပါ၊​ ပိုပြီး​​တိတိကျကျ​​ပြောရရင် အပြုနဲ့​​အပြုခံ ခွဲ​​ရေး​​လို့​​ရတဲ့​​ ကမ္မကြိယာ transitive verb ​​တွေပါ။ အဲလိုကြိယာ​​တွေနဲ့​​သက်ဆိုင်တဲ့​​ အပြုခံကြိယာ​​တွေကို သာမန်အား​​ဖြင့်​​ (ခံ) နဲ့​​တွဲသုံး​​​လေ့​​ရှိတယ်၊​ ဥပမာ ​​မောင်လှသည် ​​မောင်မြကို နှိုး​​လိုက်သည် ဆိုတာကို အပြုခံ passive voice နဲ့​​​ပြောရင် ​​မောင်မြသည် ​​မောင်လှနှိုး​​ခြင်း​​ကို ခံလိုက်ရသည်၊​ သို့​​မဟုတ် ​​မောင်မြသည် ​​မောင်လှအနှိုး​​ကို ခံလိုက်ရသည်​​ပေါ့​​။ ဒီမှာ​​ရေး​​ချင်တာက အဲဒါနဲ့​​ဆက်စပ်ပြီး​​ ​​တွေး​​မိတာ​​လေး​​​တွေပါ။ အဲ၊​ မသိသူများ​​အတွက် ကံပုဒ်မရှိတဲ့​​ကြိယာ intransitive verb ကိုလည်း​​ နည်း​​နည်း​​​ရေး​​ပါရ​​စေ၊​ ဥပမာ ​​မောင်လှ​​ကျောင်း​​သွား​​သည်၊​ ဒီ​​နေရာမှာ သွား​​တာက ကြိယာ၊​ ဒါ​​ပေမဲ့​​ အပြုခံဆိုပြီး​​ ​​ကျောင်း​​သည် ​​မောင်လှသွား​​ခြင်း​​ကို ခံလိုက်ရသည် လို့​​ဇွတ်ကြီး​​​ပြောလို့​​မရဘူး​​၊​ ဒါ​​ကြောင့်​​ သွား​​သည် ဆိုတဲ့​​ကြိယာဟာ ကံပုဒ်မရှိတဲ့​​ကြိယာ။

ဒီလိုပျင်း​​စရာကိစ္စ​​တွေကို ဘာများ​​​ရေး​​စရာရှိလဲဆိုရင်ဖြင့်​​ ကျ​​နော်စိတ်ဝင်စား​​မိတာကို ​​ရေး​​မှတ် ထား​​ချင်လို့​​ပါ၊​ သတိရတိုင်း​​တစ်လုံး​​စ နှစ်လုံး​​စ ​​လျှောက်ခြစ်ထား​​တဲ့​​ ဝါကြန့်​​ကြန့်​​စာရွက်​​လေး​​လည်း​​ ပြဲခါနီး​​ဖြစ်​​နေပြီ၊​ ဒီ​​တော့​​ဒီ​​ပေါ်မှာ ​​ရေး​​လိုက်ခြင်း​​အား​​ဖြင့်​​ တချိန်မှာပြန်ရှာလို့​​လည်း​​လွယ်တယ်၊​ သူများ​​​တွေကိုလည်း​​ ပြပြီး​​သား​​ဖြစ်မယ်၊​ မှား​​​နေရင်ပြင်​​ပေး​​မယ့်​​သူလည်း​​ ရှိလာနိုင်​​သေး​​တယ်၊​ တချက်ခုတ် အပိုင်း​​ပိုင်း​​ပြတ်တာပဲ။ ဒီ​​တော့​​ကာ အပို​​တွေမ​​ပြော​​တော့​​ဘူး​​၊​ ​​ရေး​​မှတ်ထား​​တာ​​တွေ အား​​လုံး​​ကို တစုတစည်း​​တည်း​​ဖြစ်သွား​​​အောင် အုပ်စုလိုက်​​ရေး​​ချသွား​​မယ်၊​ pattern နဲ့​​ rhyme ​​တွေကို သတိပြုပါ။

အုပ်စု ၁ - ခ​​ခွေး​​ နှင့်​​ ကကြီး​​၊​ (သွား​​) က auxiliary verb အကူကြိယာ။

ချိုး​​ (၍) ကျိုး​​ (သွား​​သည်)
ချ (၍) ကျ (သွား​​သည်)
ချန် (၍) ကျန် (သွား​​သည်)
ခွဲ (၍) ကွဲ (သွား​​သည်)
ချွတ် (၍) ကျွတ် (သွား​​သည်)
ခွာ (၍) ကွာ (သွား​​သည်)
ချက် (၍) ကျက် (သွား​​သည်)
​​ခြွေ- (၍) ​​ကြွေ (သွား​​သည်)
​​ခြောက် (၍) ​​ကြောက် (သွား​​သည်)

အုပ်စု ၂ - ဆလိမ် နှင့်​​ စလုံး​​၊​ (သွား​​) က auxiliary verb အကူကြိယာ။
ဆုတ် (၍) စုတ် (သွား​​သည်)

အုပ်စု ၃ - ဖဦး​​ထုပ် နှင့်​​ ပ​​စောက်၊​ (သွား​​) က auxiliary verb အကူကြိယာ။
ဖြဲ (၍) ပြဲ (သွား​​သည်)
ဖျက် (၍) ပျက် (သွား​​သည်) အခမ်း​​အနား​​..
ဖြတ် (၍) ပြတ် (သွား​​သည်) သံ​​ယောဇဉ်..
ဖြုတ် (၍) ပြုတ် (သွား​​သည်)
ဖြို (၍) ပြို (သွား​​သည်)
ဖိ (၍) ပိ (သွား​​သည်)
ဖဲ့​​ (၍) ပဲ့​​ (သွား​​သည်)
​​ဖျောက် (၍) ​​ပျောက် (သွား​​သည်)
​​ဖျော် (၍) ​​ပျော် (သွား​​သည်)
​​ဖောက် (၍) ​​ပေါက် (သွား​​သည်)
​​ဖော် (၍) ​​ပေါ် (သွား​​သည်)
​​ဖော့​​ (၍) ​​ပေါ့​​ (သွား​​သည်)
​​ဖြေ (၍) ​​ပြေ (သွား​​သည်) အ​​မော..
ဖြည် (၍) ပြည် (သွား​​သည်) ကြိုး​​ထုံး​​..
ဖြည့်​​ (၍) ပြည့်​​ (သွား​​သည်)
​​ဖြောင် (၍) ​​ပြောင် (သွား​​သည်)
ဖွင့်​​ (၍) ပွင့်​​ (သွား​​သည်)

အုပ်စု ၄ - ဟထိုး​​၊​ အပြုခံကျ​​တော့​​ ဟထိုး​​ဖြုတ်လိုက်ရုံပဲ။
နှိုး​​ (၍) နိုး​​ (သွား​​သည်) အိပ်​​နေရာက..
နှစ် (၍) နစ် (သွား​​သည်) ချစ်တာမဟုတ်ဘူး​​..နှစ်တာ..
​​နွှေး​​ (၍) ​​နွေး​​ (သွား​​သည်) မီး​​ဖို​​ပေါ်တင်ပြီး​​..
နှပ် (၍) နပ် (သွား​​သည်) ထမင်း​​ကို..
မြှုပ် (၍) မြုပ် (သွား​​သည်) ​​ရေထဲကို..
မြှိုက် (၍) မြိုက် (သွား​​သည်) မီး​​နဲ့​​..
​​မြှောက် (၍) ​​မြောက် (သွား​​သည်) အထက်အရာရှိကို..
​​ရွှေ့​​ (၍) ​​ရွေ့​​ (သွား​​သည်) တ​​နေ့​​တလံ ပန်း​​ကန်​​ကြောင်အိမ်ထဲမှာပဲ..
လှန် (၍) လန် (သွား​​သည်) စာရွက်​​ပြောပါတယ်..
လှဲ (၍) လဲ (သွား​​သည်) တအား​​တွန်း​​တာကိုး​​..
လှန့်​​ (၍) လန့်​​ (သွား​​သည်) မီး​​မီး​​​ကြောက်​​ကြောက်..
လွှင့်​​ (၍) လွင့်​​ (သွား​​သည်) သတင်း​​များ​​ကို​​ကြေညာပါ​​တော့​​မယ်..
လွှတ် (၍) လွတ် (သွား​​သည်) ​​ကောင်မ​​လေး​​ကိုလွှတ်လိုက်..
လွှဲ (၍) လွဲ (သွား​​သည်) စကား​​လမ်း​​​ကြောင်း​​..
လှိမ့်​​ (၍) လိမ့်​​ (သွား​​သည်) ​​ဂေါ်လီဆိုတာလိမ့်​​တာမဟုတ်လား​​ကွယ်..
​​လျှော့​​ (၍) ​​လျော့​​ (သွား​​သည်) ဟာ.. ​​တော်ပြီ၊​ ဒါအရင်း​​ပဲ..
လှီး​​ (၍) အလှီး​​ခံလိုက်ရသည်။ (ဘာထင်လို့​​တုန်း​​)

အုပ်စု ၅ - အပြုနဲ့​​အပြုခံတူတူပဲ
​​ကွေး​​ (၍) ​​ကွေး​​ (သွား​​သည်) ဒူး​​..
လှုပ် (၍) လှုပ် (သွား​​သည်) မျက်ခုံး​​..
ခု (၍) ခု (သွား​​သည်) ဖင်ထိုင်ခုံ..
ကွယ် (၍) ကွယ် (သွား​​သည်) တိမ်..
​​စေ့​​ (၍) ​​စေ့​​ (သွား​​သည်) တံခါး​​..

မှတ်ထား​​ချင်တာ​​တွေက ဒီ​​လောက်ပါပဲ၊​ ​​သေချာတာက ​​ရေး​​ဖို့​​ကျန်ခဲ့​​တာ အများ​​ကြီး​​ရှိအုံး​​မှာပါ။ ​​ကော်မန့်​​ထဲမှာ ဝင်​​ရေး​​နိုင်ပါတယ်၊​ ကျ​​နော်ဖြည့်​​သွား​​ပါ့​​မယ်။ ပိုအ​​ရေး​​ကြီး​​တာက ဒီလို Pattern မျိုး​​ကို သတ်သတ်မှတ်မှတ် ပြဌါန်း​​ထား​​တာ ဟုတ်မဟုတ်ဆိုတာသိချင်တယ်၊​ ဥပမာ ဘယ်ဗျည်း​​ကို ဘယ်သရနဲ့​​တွဲပြီး​​ ဘယ်လို​​ရေး​​ရင်​​တော့​​ သူ့​​ရဲ့​​ကံပုဒ်ကို ဘယ်လိုဘယ်လို ​​ရေး​​ရမယ်ဆိုတာမျိုး​​၊​ ဖြစ်နိုင်ရင် အကိုး​​အကား​​​လေး​​ဘာ​​လေး​​ ဖတ်ကြည့်​​ချင်တယ်။ မ​​မေဓာဘ​​လော့​​ဂ်မှာ တခါကဖတ်ဖူး​​တဲ့​​ ပါဌ်ဆင့်​​နဲ့​​ပတ်သက်တဲ့​​ စည်း​​ကမ်း​​ချက်​​တွေအတိုင်း​​ (အဲဒီပို့​​စ်ကို ရုတ်တရက် ရှာမ​​တွေ့​​ဘူး​​) ဒီကြိယာ​​တွေမှာလည်း​​ မြန်မာစာဘိုး​​​တော်ကြီး​​များ​​ သတ်မှတ်ထား​​တဲ့​​ ကစား​​နည်း​​စည်း​​မျဉ်း​​စည်း​​ကမ်း​​ ရှိ​​ကောင်း​​ရှိနိုင်တယ်လို့​​ ထင်မိပါတယ်။
http://www.degolar.info/2008/01/active-and-passive.html

Active and Passive
ပထမ​ကော်လံက ဗျည်း​တွေနှင့်​ သရ/ပင်ရစ်ဆွဲထိုး​​တွေ​ပေါင်း​ရင် ပြုလုပ်​သူမပါဘဲဖြစ်တာ။
ဒုတိယ​ကော်လံက ဗျည်း​တွေနှင့်​ သရ/ပင်ရစ်ဆွဲထိုး​​တွေ​ပေါင်း​ရင် ပြုလုပ်​သူ​ကြောင့်​ဖြစ်တာ။
ဥပမာ - ကျ ချ ပစ္စည်း​ကျ​အောင် ​မောင်​မောင်ကချထား​ခဲ့​သည်။ ကွဲ ခွဲ အုန်း​သီး​ကွဲ​အောင် ဓား​နှင့်​ခွဲရသည်။

အစိမ်း​ရောင် ​ကော်လံအချင်း​ချင်း​​​ဆင့်​လို့​ရတယ်။ အစိမ်း​ရောင်​​ကော်လံ​အောက်မှာ အနီ​ရောင်​​ကော်လံ​အောက်မှာဆင့်​လို့​ရတယ်။
အနီ​ရောင်​​ကော်လံ​​အောက်မှာ အစိမ်း​ရောက်​ကော်လံကဝင်လို့​မရဘူး​။ ​နောက်ဆုံး​​ကော်လံ​​အောက်တွင် အစိမ်း​ရောင်​​ရော အနီ​ရောင်​​ရော
ဝင်နိုင်သည်။
ဥပမာ - သတ္တိ၊​ ဝတ္ထု၊​ မန္တ​လေး​၊​ နန္ဒာ၊​

Active and Passive
Why Myanmar Script is too scientific for Learners. ha Htoe (--ှ) will not combine with other characters. It will follow characters which is same shape as above.
Credit:Ko Ngwe Tun

0 responses to “ Active and Passive ”

Leave a Reply