​ရှေး​ဟောင်း​ မြန်မာသဒ္ဒါသံ​ပေါက်

( ပဏာမ-ပဋိညာဉ် )
(၁) ရတနာသုံး​ပါး​၊​ ဆရာအား​၊​ ဦး​ဖျား​ထိပ်ဝယ်ပန်။
(၂) ​နောင်လာ​နောက်သား​၊​ မှတ်ဖို့​အား​၊​ ကြား​အံ့​ သံ​ပေါက်သံ။

( ကတ္တား​-ကံ )
(၃) သည်-ကား​-နှစ်ဖြာ၊​ ကတ္တား​သာ၊​ ကံမှာ ကို-သို့​ ပြန်။

(ကရိုဏ်း​-အာဓာရ ဩကာသ)
(၄) ဖြင့်​-ကရဏ၊​ ၌-​ပေး​က၊​ အာဓာရဟုကြံ။

( သမ္ပဒါန်)
(၅) အား​-ငှါ နှစ်ပါး​၊​ ​ပေး​တုံငြား​၊​ မှတ်သား​ သမ္ပဒါန်။

(အပါဒါန်)
(၆) မှ-​အောက်-ထက်-ဟူ၊​ ဤသုံး​ဆူ၊​ ယူ​လေ အပါဒါန်။

(ကြိယာဝိ​သေသန)
(၇) ​လျောက်-လျက်-စွာ-​ပေး​၊​ သဖြင့်​-​ပေး​၊​ စပ်​ရေး​ ကြိယာဝိသိသ်။
(၈) ၍-ရကား​-မှာ၊​ ကြိယာဝိသိသ်၊​ ရံခါဟိတ်၊​ တံဆိပ်ခတ်၍ပြ။
(၉) အား​-ဖြင့်​ပေး​ရာ၊​ ကြိယာဝိ​သေ၊​ တ​ထွေဝိ​သေသ်၊​ ရတုံလစ်၊​ စပ်ဖြစ်ဘိန္နဝိသိသ်။

(နာမဝိ​သေသန, နိဒ္ဓါရဏ)
(၁၀) ထ​သော-​သော-ဟူ၊​ ဝိသိသ်ယူ၊​ တွင်-မူ နိဒ္ဓါရဏ။

(လက္ခဏ-လက္ချ)
(၁၁) ​သော်-လ​သော် မှာ၊​ လက္ခဏာ၊​ ​နောက်ကြိယာ လက္ချတ္ထ။

(အာလုပ်)
(၁၂) အို-ဟယ်-အချင်း​၊​ အမင်း​-အ​မောင်၊​ အနက်​ဆောင်၊​ နား​ထောင်အာလပန။

(အစ္စန္တသံ​ယောဂ)
(၁၃) ပတ်လုံး​-တိုင်တိုင်၊​ တိုင်​အောင်-တိုင်​လောက်၊​ အနက်​ကောက်၊​ မှတ်​လောက်အစ္စန္တ။

(သဟတ္ထ)
(၁၄) သဒ္ဓိံ သဟ၊​ စသည်မယှဉ်၊​ နှင့်​-​ပေး​လျှင်၊​ မှတ်ချင် သဟတ္ထ။

(သမ္ဗန်, ဟိတ်)
(၁၅) ၏-​ပေး​ကမူ၊​ သမ္ဗာန်ဟူ၊​ ​ကြောင့်​-မူ ​ဟေတွတ္ထ။

(သရုပ်, အာကာရ)
(၁၆) ၎င်း-​ပေး​မူ၊​ သရုပ်ယူ၊​ ဟူ၍-အာကာရ။

(သမ္ဘာဝနာ,ဂရဟာ)
(၁၇) ​သော်လည်း​-​ပေး​ရာ၊​ သမ္ဘာဝနာ၊​ ဂရဟာအချို့​ရ။

(ဂရဟာ,အနာဒရ)
(၁၈) မူလည်း​-လျှင် မှာ၊​ ဂရဟာ၊​ စဉ်-မှာ အနာဒရ။

(ရူပက)
(၁၉) တည်း​ဟူ​သော-နှင့်​၊​ ဟူ​သော-​ပေး​ရာ၊​ အနက်မှာ၊​ မှတ်ပါ ရူပက။

(သဒိသ)
(၂၀) နှင့်​-တူ-ပါရာ၊​ အနက်မှာ၊​ မှတ်ပါ သဒိသ။

(ဥပမာ)
(၂၁) ကဲ့​သို့​-​ပေး​ရာ၊​ ဥပမာ၊​ မြဲစွာမှတ်ကုန်ကြ။

0 responses to “ ​ရှေး​ဟောင်း​ မြန်မာသဒ္ဒါသံ​ပေါက် ”

Leave a Reply