မြန်မာမှန်ရင် ဖတ်သင့်​တယ်

ခုတ​​လော ဂျာနယ်၊ မဂ္ဂဇင်း​​​တွေဖတ်ပြီး​​ ​​တော်​​တော်စိတ်ညစ်ရတဲ့​အ​​ကြောင်း​​ အရင်ဆုံး​​​ရေး​​ချင်ပါတယ်။ အဲဒီ ကိစ္စ က​​တော့​ အင်္ဂလိပ်စာလုံး​​​တွေ ထည့်​ထည့်​​ရေး​​ကြပြီး​​ စာလုံး​​​ပေါင်း​​​တွေ အဓိပ္ပာယ်​​ကောက်မရ​​အောင်ကို မှား​​တတ် ကြတဲ့​ ကိစ္စပါ။ စာ​​ရေး​​ဆရာ​​တွေဟာ မလိုအပ်ဘဲနဲ့​ အင်္ဂလိပ်စာလုံး​​​တွေ ထည့်​မ​​ရေး​​သင့်​ပါဘူး​​။ မ​​ရေး​​ရင် မှား​​စရာ လည်း​​ မရှိ​​တော့​ဘူး​​​ပေါ့​။ ​​ရှေး​​ကဆရာကြီး​​​တွေဖြစ်ကြတဲ့​ ဆရာကြီး​​ပီမိုး​​နင်း​​တို့​၊​ ဆရာကြီး​​​ရွှေဥ​​ဒေါင်း​​တို့​၊​ ဆရာကြီး​​ မဟာ​​ဆွေတို့​ တစ်​​တွေဟာ အင်္ဂလိပ်စာတတ်​​ပေတတ် ပုဂ္ဂိုလ်ကြီး​​​တွေပါ။ ဒါ​​ပေမယ့်​ ဆရာကြီး​​​တွေရဲ့​ စာ​​တွေထဲမှာ အင်္ဂလိပ်စာလုံး​​​တွေ မလိုအပ်ဘဲ ညှပ်ညှပ်သုံး​​တာ ​​တွေ့​ရခဲပါတယ်။ ဘိလပ်ပြန်ဆရာကြီး​​​တွေဖြစ်တဲ့​ ဆရာသိပ္ပံ​​မောင်ဝ၊​ ဆရာ​​ဒေါက်တာလှ​​ဘေ၊​ ဆရာ​​ဇော်ဂျီ၊​ ဆရာမင်း​​သုဝဏ်စတဲ့​ စာ​​ရေး​​ဆရာကြီး​​​တွေရဲ့​ စာ​​တွေမှာလည်း​​ အင်္ဂလိပ်စာလုံး​​​တွေ ထည့်​​ရေး​​တာ သိပ်များ​​များ​​မ​​တွေ့​ရပါဘူး​​။

ခု​​ခေတ်ကျ​​တော့​ ဘာသာပြန်​​တွေမဆိုထား​​နဲ့​၊​ ပင်ကို​​ရေး​​ဆိုတဲ့​စာ​​တွေကို ဖတ်ရတာ​​တောင် ​​ထော့​နင်း​​​ထော့​နင်း​​နဲ့​ ဘာသာပြန်ကို ဖတ်ရသလိုမျိုး​​ဖြစ်​​နေပါတယ်။ ​​ရှေး​​ကဆရာကြီး​​​တွေရဲ့​ လက်ရာကျ​​တော့​ ဘာသာပြန်ထား​​တယ်လို့​ မထင်ရ​​လောက်​​အောင် မြန်မာ့​မျက်စိထဲ၊​ မြန်မာ့​နား​​ထဲကို ​​ချောခနဲ​​ချောခနဲ ဝင်သွား​​​စေတဲ့​ အ​​ရေး​​အသား​​မျိုး​​​တွေပါ။ ဆရာကြီး​​သခင်ဘ​​သောင်း​​ရဲ့​ ပန်း​​သာမစာဥ၊​ ဆရာကြီး​​​ရွှေဥ​​ဒေါင်း​​ရဲ့​ ရတနာပုံ၊​ ဆရာ​​ဇော်ဂျီရဲ့​ မဟာဆန်ချင်သူစတဲ့​ ဝတ္ထုကြီး​​​တွေဆိုရင် မြန်မာဝတ္ထုကြီး​​​တွေလို့​​တောင် မှတ်ထင်ခဲ့​ကြရတာမျိုး​​ဖြစ်ပါတယ်။ ကျွန်​​တော်တို့​​ခေတ် ဘာသာ ပြန်​​တွေကျ​​တော့​ ဘာဖြစ်လို့​ အဲဒီလို ကျွန်​​တော်တို့​အ​​သွေး​​ထဲအသား​​ထဲ စိမ့်​ဝင်သွား​​​အောင် မဖြစ်ကြရတာလဲလို့​ ဆန်း​​စစ်ကြည့်​လိုက်​​တော့​ မြန်မာစာ၊​မြန်မာစကား​​မနိုင်လို့​ဆိုတာ ​​တွေ့​ရပါတယ်။
 မြန်မာဘာသာစကား​​က ​​ဝေါဟာရ မပါး​​ရှား​​ပါဘူး​​။ အ​​တော်အသင့်​​လေး​​ ​​လေ့​လာရင်​​တောင်မှ စကား​​လုံး​​​ဝေါဟာရ​​တွေ သုံး​​လို့​မကုန်နိုင်​​အောင် ကြွယ်ပိုး​​ ကြွယ်ဝရှိလှတယ်ဆိုတာ ​​တွေ့​နိုင်ပါတယ်။ တကယ်ချို့​တဲ့​ရှား​​ပါး​​​နေတာက ကျွန်​​တော်တို့​တစ်​​တွေသာ ဖြစ်ပါတယ်။ ကျွန်​​တော်တို့​တစ်​​တွေက မြန်မာ​​တွေဖတ်ဖို့​ မြန်မာစာနဲ့​ စာ​​တွေ​​ရေး​​သား​​​နေကြတာဖြစ်​​ပေမယ့်​ မြန်မာစာဆရာ​​တွေနဲ့​ သု​​တေသီပညာရှင်​​တွေကလွဲရင် ကျန်တဲ့​စာ​​ရေး​​သူ​​တွေဟာ မြန်မာစာ​​ပေကို ​​လေ့​​လေး​​နက်နက် ​​လေ့​လာမှုပြုလုပ် တာ အင်မတန်ကိုနည်း​​ပါတယ်။ အဲဒီ​​တော့​ ကျွန်​​တော်တို့​မှာ ​​ဝေါဟာရရှား​​ပါး​​မှု ကြံုကြရတာ​​ပေါ့​။ ​​ဝေါဟာရရှား​​ပါး​​ ​​တော့​ အလွယ်လမ်း​​ကိုလိုက်ပြီး​​ အင်္ဂလိပ်စာလုံး​​​တွေယူယူပြီး​​ သုံး​​လိုက်ကြ​​တော့​တယ်။ သည်လိုနဲ့​ မြန်မာစကား​​လုံး​​ ​​ဝေါဟာရ​​တွေအသုံး​​နည်း​​ပြီး​​ ကွယ်​​ပျောက်တာ​​တွေလည်း​​ ကွယ်​​ပျောက်ကုန်ကြတယ်။ ဆရာလူထုစိန်ဝင်း​​ရဲ့​ ”နန်း​​ စကား​​၊​ မန်း​​စကား​​၊​ မြန်မာတို့​ရဲ့​ မြန်မာစကား​​”ဆိုတဲ့​စာအုပ် စာမျက်နှာ ရ၃နဲ့​ ရ၄မှာ ​​ဖော်ပြထား​​တဲ့​အထဲက ​​ကောက်နုတ်​​ဖော်ပြလိုက် တာပါ။

ကျွန်​ ​တော်ကိုယ်တိုင်လည်း​​ ဖတ်ရတာအလွန်​​ထောင့်​လှတဲ့​ မြန်မာစာ​​တွေကို ​​အောင့်​သက်သက်နဲ့​ ဖတ်​​နေမိရင်း​​၊​ ညှပ်သုံး​​၊​ ဇွတ်သုံး​​ထား​​တဲ့​ အင်္ဂလိပ်စာလုံး​​​ပေါင်း​​အမှား​​​တွေကိုကြည့်​ရင်း​​ စိတ်​​လေ​​နေတာ အ​​တော့်​ကိုကြာပါပြီ။ မ​​နေ့​ ကပဲ အိမ်သား​​​တွေငှား​​ကြည့်​ကြတဲ့​ မြန်မာဗီဒီယိုသတင်း​​​ခွေတစ်​​ခွေရဲ့​အဆုံး​​က ”မကြာမီထွက်မည်”လို့​ အနက်ထွက် မယ့်​ အင်္ဂလိပ်စာလုံး​​​ပေါင်း​​အမှား​​ကြီး​​ကို မြင်ဖြစ်​​အောင် မြင်လိုက်​​သေး​​တယ်ခင်ဗျ။ မြန်မာလို ​​ရေး​​လိုက်​​တော့​ ဘာဖြစ်သတုံး​​ဗျာ။ မြန်မာ​​တွေကြည့်​ဖို့​ ထုတ်တာမဟုတ်ဘူး​​လား​​။ အခု​​တော့​ အဲဒါကိုပဲ အင်္ဂလိပ်လို​​တွေ လုပ်လိုက် ​​သေး​​တယ်။ လုပ်​​တော့​လည်း​​ မှန်သလား​​ဆို​​တော့​ မမှန်ဘူး​​။ Comming Soonတဲ့​ ခင်ဗျ။ မူလတန်း​​​ကျောင်း​​သား​​ ​​တောင် မမှား​​​လောက်တဲ့​ comeကြိယာကို -ingတပ်တာ​​တောင် အ​​ပေါက်တည့်​​အောင်မတပ်နိုင်ဘဲနဲ့​ အင်္ဂလိပ်စာလုံး​​ ကြီး​​နဲ့​ချ​​ရေး​​ထား​​​တော့​ အ​​တော်စိတ်ညစ်ရတယ်။ Comingဟာ ”m”တစ်လုံး​​တည်း​​နဲ့​​ပေါင်း​​ရတာပါ။ အဲ​​လောက် ​​လေး​​​တောင် မသိသား​​ဆိုး​​ရွား​​​နေတဲ့​ ကိုယ့်​အ​​ခြေအ​​နေကိုယ်မဆန်း​​စစ်ကြဘဲ အင်္ဂလိပ်စာလုံး​​​တွေ တွင်တွင်ကြီး​​ ချသုံး​​​နေရ​​အောင် မြန်မာစကား​​က ဆင်း​​ရဲ​​နေလို့​လား​​ဆိုတဲ့​ အ​​ငေါ်တူး​​အ​​တွေး​​က ​​ပေါ်လာပါတယ်။

သည်အချိန်မှာ ဆရာလူထုစိန်ဝင်း​​ရဲ့​စာအုပ်ကို ​​ပြေး​​သတိရသွား​​​တော့​တာပါပဲ။ ဒါနဲ့​ ကျွန်​​တော့်​စာအုပ်စင်မှာ ပြန်ရှာပြီး​​ သည်စာအုပ်အညွှန်း​​ကို ​​ရေး​​မိသွား​​ရတာပါ။ ဆရာလူထုစိန်ဝင်း​​ကလည်း​​ လူငယ်လူရွယ်​​တွေအတွက် အင်္ဂလိပ်စာကို အပတ်တကုပ် သင်ကြား​​ပို့​ချ​​ပေး​​ခဲ့​သူဖြစ်ပါတယ်။ ဆိုလိုတာက ဆရာကိုယ်တိုင် အင်္ဂလိပ်စာကို ပပ်ပပ်နပ်နပ်တတ်ပါ တယ်။ သို့​​သော် အင်္ဂလိပ်စာတတ်တာက တစ်ပိုင်း​​၊​ မြန်မာစာ၊​ မြန်မာမှုကို ချစ်မြတ်နိုး​​တာက တစ်ပိုင်း​​ဖြစ်မှန်း​​ အခုစုစည်း​​ထုတ်​​ဝေလိုက်တဲ့​ ”နန်း​​စကား​​၊​ မန်း​​စကား​​”စာအုပ်က သက်​​သေခံလို့​ ​​နေတယ်။

၁၉၉၆ ခုနှစ် နိုဝင်ဘာထုတ် လူထု​​ဒေါ်အမာ ဂဝပြည့်​ ​​မွေး​​​နေ့​အထိမ်း​​အမှတ် ”ပုဂံလက်သစ်နှင့်​ အခြား​​စာတမ်း​​ များ​​”စာအုပ်၊​ ၁၉၉၆နဲ့​ ၁၉၉ရခုနှစ်အတွင်း​​က ထုတ်​​ဝေခဲ့​တဲ့​ စာ​​ပေဂျာနယ်၊​ ၁၉၉ဂနဲ့​ ၁၉၉၉ခုနှစ်အတွင်း​​က ထုတ် ​​ဝေခဲ့​တဲ့​ ရုပ်ရှင်​​တေး​​ကဗျာမဂ္ဂဇင်း​​တို့​မှာ ​​ဖော်ပြခဲ့​တဲ့​ ”နန်း​​စကား​​၊​ မန်း​​စကား​​” ၁၂ ပုဒ်ကို စုစည်း​​ထုတ်​​ဝေထား​​တဲ့​ စာအုပ်ပါ။

စာမျက်နှာ ၈၁မှာ ဆရာလူထုစိန်ဝင်း​​​ရေး​​သား​​ထား​​တဲ့​အတိုင်း​​ ”အသုံး​​မ​​လေ့​ကြ​​တော့​လို့​ပဲဖြစ်​​စေ၊​ အသုံး​​နည်း​​ လို့​ပဲဖြစ်​​စေ ​​ပျောက်ကွယ်လုနီး​​ပါး​​ဖြစ်​​နေတဲ့​ မြန်မာအရပ်သုံး​​စကား​​​တွေကို ရှာ​​ဖွေတင်ပြထား​​တဲ့​ စာအုပ်ဖြစ်ပါတယ်။ မဂ္ဂဇင်း​​​ဆောင်း​​ပါး​​များ​​ဖြစ်တာ​​ကြောင့်​ ​​နောက်ဆုံး​​တစ်ပုဒ်ကလွဲရင် ကျန်အပုဒ်တိုင်း​​မှာ နိဒါန်း​​ဖွဲ့​ထား​​တာ​​တွေ ပါဝင် ​​နေပါတယ်။ သို့​​သော် အဲဒီနိဒါန်း​​များ​​က စာ​​ရေး​​ဆရာရဲ့​ အတ္တ​​နောမတိ၊​ ဝံသာနုရက္ခိတစိတ်၊​ ​​စေတနာတို့​ကို ​​ရောင်ပြန်ဟပ်လို့​​နေတဲ့​အတွက် ဖတ်လို့​​ကောင်း​​​နေပါတယ်။ လူထုတိုက်ရဲ့​ ငယ်​​မွေး​​ခြံ​​ပေါက်ပီပီ တစ်အုပ်လုံး​​မှာ လူထုရနံ့​ပျံ့​သင်း​​လွန်း​​လို့​ တချို့​​တွေက​​တော့​ သိပ်ဘဝင်ကျကြမယ်မထင်ဘူး​​။ ဘယ်လိုပဲဖြစ်ဖြစ်၊​ အသုံး​​နည်း​​သွား​​ တဲ့​မြန်မာစကား​​​တွေကို နိုင်သ​​လောက် ရှာ​​ဖွေစု​​ဆောင်း​​တင်ပြထား​​တဲ့​အတွက်ကို​​တော့​ ​​ကျေး​​ဇူး​​တင်ထိုက်တာလည်း​​ အမှန်ပါပဲ။ ဒါ့​အပြင် ကျွန်​​တော်တို့​ အခု​​နေမှအား​​ထုတ်မထား​​ရင် ​​နောင်နှစ်တစ်ရာ​​လောက်အတွင်း​​မှာ တိမ်​​ကော ပ​​ပျောက်သွား​​နိုင်​​လောက်တဲ့​ မြန်မာစာ၊​မြန်မာစကား​​အ​​ပေါ်ထား​​ရှိတဲ့​ စာ​​ရေး​​သူရဲ့​​စေတနာ​​ရောင်ဝါကလည်း​​ သည် စာအုပ်မှာ လင်း​​လင်း​​လက်လက် ​​ပေါ်ထွက်လို့​​နေပါတယ်။

မြန်မာတို့​ ရဲ့​ ယဉ်​​ကျေး​​မှုအဆင့်​အတန်း​​ဟာ ​​ခေတ်ပြိုင်အ​​နောက်နိုင်ငံ​​တွေနဲ့​ယှဉ်လိုက်ရင် မနိမ့်​ကျပါဘူး​​။ ယဉ်​​ကျေး​​မှုအဆင့်​အတန်း​​မြင့်​မား​​တာနဲ့​အမျှ မြန်မာစကား​​ဟာလည်း​​ အင်မတန်​​ဝေါဟာရကြွယ်ပါတယ်။ ”ညီမ” ဆိုတာ မိန်း​​က​​လေး​​ချင်း​​​တော်စပ်မှုအသုံး​​စကား​​ပါ။ ​​ယောက်ျား​​​လေး​​နဲ့​မိန်း​​က​​လေး​​ ​​တော်စပ်မှု အသုံး​​စကား​​ မဟုတ် ပါဘူး​​။ အခု​​တော့​ လူတိုင်း​​လိုလိုပဲ ”ကျွန်​​တော့်​ညီမ”ဆိုတဲ့​စကား​​ကို သုံး​​​နေကြပါ​​တော့​တယ်။ အစ်ကိုက အဲဒီ​​တော့​ အလိုလို မိန်း​​မလျာဖြစ်သွား​​ပါ​​ရော။ (စာ – ၁၃)

မျက်နှာမည်း​​စာလုံး​​က မူရင်း​​မှာမပါပါဘူး​​။ ကျွန်​​တော်ဖြည့်​လိုက်တာပါ။ ကျွန်​​တော်ကိုယ်တိုင်လည်း​​ ”နှမ”ဆိုတဲ့​ အသုံး​​ရှိမှန်း​​သိ​​ပေမယ့်​ မှန်​​အောင်သုံး​​တတ်တာ သိပ်မကြာ​​သေး​​ဘူး​​။ (ကျွန်​​တော့်​မှာနှမမှ မရှိတာကိုး​​။) ကျွန်​​တော် စာ​​ရေး​​တဲ့​အခါမှာ ”ညီမ”လို့​မှား​​သုံး​​မိတာတစ်လုံး​​ပါသွား​​​တော့​ ဘယ်သူမှန်း​​မမှတ်မိ​​တော့​တဲ့​ ​​ရေး​​​ဖော်ဆရာတစ်ဦး​​က ​​ထောက်ပြလိုက်​​တော့​မှ မှန်​​အောင်သုံး​​တတ်ခဲ့​တာပါ။ မြန်မာစကား​​မှာ​​တော့​ အ​​ဖေ့​ရဲ့​အစ်ကိုဆိုရင် ဘကြီး​​၊​ အ​​မေ့​ရဲ့​ အစ်ကိုဆိုရင် ဦး​​ကြီး​​လို့​ ခွဲခြား​​​ခေါ်​​လေ​​တော့​ ​​ခေါ်သံကြား​​တာနဲ့​ ​​ဆွေမျိုး​​စပ်​​ပေး​​ပြီး​​သား​​ ဖြစ်​​နေပါပြီ။ အ​​ဖေ့​ရဲ့​ ညီဆိုရင် ဘ​​ထွေး​​၊​ အ​​မေ့​ရဲ့​ ​​မောင်ဆိုရင် ဦး​​​လေး​​၊​ အ​​ဖေရဲ့​ အစ်မ ဆိုရင် အရီး​​ကြီး​​၊​ အ​​ဖေ့​ရဲ့​ နှမကို အရီး​​​လေး​​၊​ အ​​မေရဲ့​ အစ်မ ဆိုရင် ကြီး​​​တော်(ဂျီး​​​ဒေါ်)၊​ အ​​မေရဲ့​ညီမဆိုရင် ​​ထွေး​​​လေး​​(​​ဒွေး​​​လေး​​)၊​ ​​ဒေါ်​​လေး​​စသဖြင့်​ ကြွယ်လိုက်တဲ့​ ​​ဝေါဟာရ​​တွေ။ (စာ – ၁၄)

ဒါ​​တွေ​ ​တော့​ ကျွန်​​တော်သိပါတယ်။ ကျွန်​​တော့်​အ​​မေက”ကိုကို”လို့​ ​​ခေါ်တဲ့​ ကျွန်​​တော့်​ဦး​​ကြီး​​ကို ကျွန်​​တော်က ”ဦး​​ကြီး​​ကိုကို”လို့​ တစ်သက်လုံး​​​ခေါ်ခဲ့​တာကိုး​​။ ပြီး​​​တော့​ ​​မေ​​မေကသူ့​ဘ​​ထွေး​​​တွေ၊​ အရီး​​​တွေကို ”ဘ​​ထွေး​​ကြီး​​၊​” ”ဘ​​ထွေး​​​လေး​​၊​” ”အရီး​​ကြီး​​၊​” ”အရီး​​​လေး​​”စသဖြင့်​​ခေါ်​​ဝေါ်ခဲ့​တာလည်း​​ ငယ်ကတည်း​​ကကြား​​ခဲ့​ဖူး​​​နေလို့​ပါ။ ကျွန်​​တော့်​သား​​သမီး​​​တွေက သူတို့​အ​​မေရဲ့​ အစ်ကိုကို ”ဘကြီး​​”လို့​​ခေါ်တဲ့​အခါ မှား​​​နေတယ်၊​ ဦး​​ကြီး​​လို့​ ​​ခေါ်ရမှာလို့​ တည့်​မတ်​​ပေး​​ခဲ့​ဖူး​​တယ်။

ဆရာလူထုစိန်ဝင်း​ ​​ပြောသလို မြန်မာ​​တွေက မြန်မာစာချို့​တဲ့​​နေတာ​​တော့​ ကျွန်​​တော်တို့​​ခေတ်မှာ အဆိုး​​ဆုံး​​လို့​ ​​တောင်​​ပြောရမလို ဖြစ်​​နေပါတယ်။ ဖတ်တဲ့​စာ၊​ ​​ရေး​​တဲ့​စာမှာ ​​တွေ့​ရတာ​​တွေကို ဆရာလူထုစိန်ဝင်း​​က ​​ရေး​​ပြထား​​ တာပဲ ရှိပါ​​သေး​​တယ်။ ​​ပြောတဲ့​စကား​​၊​ ကြား​​ရတဲ့​စကား​​​တွေမှာလည်း​​ တစ်စက်မှအချိုး​​မ​​ပြေ​​တော့​​အောင် မြန်မာ​​တွေက မြန်မာစကား​​ကို ဌာန်ကရိုဏ်း​​ကျကျ မ​​ပြောတတ်ကြ​​တော့​ဘူး​​။ /​​သေ​​သှေချာဂျာ/လို့​ ​​ပြောရမယ့်​အစား​​ ​​ရေး​​ထား​​တဲ့​အတိုင်း​​ /​​သေ​​သေချာချာ/လို့​ ​​ပြောလို​​ပြော၊​ /ရှံ/လို့​ ​​ပြောရမယ့်​အစား​​ /လှယံ/လို့​ ​​ပြောလို​​ပြောနဲ့​ အ​​တော့်​ကို လွဲ​​ချော်​​နေကြတာ​​တွေလည်း​​ မနည်း​​မ​​နောပဲ။ တစ်​​လောက ​​ရွှေအမြု​​တေစာ​​ပေဆု​​ပေး​​ပွဲမှာ ကျွန်​​တော်အခမ်း​​အနား​​ မှူး​​လုပ်လိုက်ပြီး​​တဲ့​​နောက် အခမ်း​​အနား​​အပြီး​​မှာ ဆရာ​​တွေနဲ့​နှုတ်ဆက်တုန်း​​ ဆရာ”​​ဘောညို”(ခင်​​မောင်ညို-​​ဘောဂ ​​ဗေဒ)က ”​​ရွှေအမြု​​တေကို /​​ရွှေအမ​​ဒေ/လို့​ အမှန်အတိုင်း​​အသံထွက်တဲ့​သူဆိုလို့​ ခင်ဗျား​​တစ်​​ယောက်ပဲ ရှိ​​သေး​​ တယ်”လို့​ မှတ်ချက်​​ပေး​​သွား​​ပါ​​သေး​​တယ်။ အမှန်​​တော့​ ​​ရေး​​​တော့​အမှန် ဖတ်​​တော့​အသံမူကို ကျွန်​​တော်တို့​​တွေ ​​မေ့​​လျော့​​နေကြတာပါ။

ကျွန်​​တော်လည်း​​ မြန်မာစကား​​တတ်လှချည့်​လို့​ ကိုယ့်​ကိုယ်ကိုယ် မ​​အောက်​​မေ့​ပါဘူး​​။ သား​​​တော်​​မောင်ကို ကျွန်​​တော့်​ဝတ္ထုစာအုပ်အတွက် အမှာစာ​​ရေး​​ခိုင်း​​တဲ့​အခါ ​​ကျေး​​ဇူး​​ရှင်​​လေး​​က ”အမူကွန်း​​ထိုး​​”ဆိုတဲ့​ ​​ဝေါဟာရကို ချသုံး​​လိုက်​​တော့​ ကျွန်​​တော်မျက်လုံး​​ပြူး​​သွား​​ပါတယ်။ သည်​​ကောင်က အခုမှဆယ်တန်း​​တက်တဲ့​အ​​ကောင်၊​ အသက်က ၁၅ နှစ်ပဲ ရှိ​​သေး​​တယ်။ အဲဒီ့​​လောက် အလုံး​​အကြီး​​ကြီး​​ကို ချသုံး​​လာတဲ့​အခါ ကျွန်​​တော် ဖျား​​သွား​​တယ်။ ဒါနဲ့​ သူ့​အသုံး​​မှန်ရဲ့​လား​​ဆိုပြီး​​ အဘိဓာန်​​တွေဘာ​​တွေ လှပ်ကြည့်​ရတဲ့​ဘဝ​​တောင် ​​ရောက်သွား​​တယ်။ (မှန်တယ် ခင်ဗျ။) ဖ​​အေ့​ထက် သား​​တစ်လကြီး​​ဆိုတာ အဲသလို​​ကောင်မျိုး​​ကို​​ခေါ်တာပဲ ဖြစ်လိမ့်​မယ်။ ​​နောက်​​တော့​မှ သတိရတယ်။ သည်​​ကောင်က ဆရာကြီး​​ ​​ရွှေဥ​​ဒေါင်း​​ကို စွဲစွဲလန်း​​လန်း​​ဖတ်တဲ့​သူပဲ။ ဆရာကြီး​​ရဲ့​ ​​လေအတိုင်း​​​တောင် ​​ရေး​​တတ်​​နေတဲ့​အထိ ဆရာကြီး​​စာ​​တွေရဲ့​ ဩဇာက သူ့​အ​​ပေါ် ရိုက်ခတ်​​နေပါတယ်။ သည်​​တော့​လည်း​​ မြန်မာစာကို ခွန်အား​​ရှိရှိ​​ရေး​​တတ်တဲ့​ ဆရာကြီး​​ရဲ့​ အတုကို သူယူထား​​တာပါကလား​​ဆိုပြီး​​ ကျွန်​​တော့်​မှာပီတိပွား​​ရပါတယ်။

ဆရာကြီး​​ ​​ရွှေဥ​​ဒေါင်း​​က​​ရေး​​ခဲ့​ပါတယ်။ ”ခွန်အား​​ရှိ​​သောစာ”တဲ့​။ ကျွန်​​တော်တို့​ တက္ကသိုလ်ဝင်တန်း​​တုန်း​​က သင်ခဲ့​ရတဲ့​ ဆရာကြီး​​ရဲ့​​ဆောင်း​​ပါး​​ထဲမှာပါတာ။ အခု​​တော့​ ဂျာနယ်မဂ္ဂဇင်း​​​တွေမှာ အ​​တွေ့​ရများ​​​နေတာက က​​ချော် ကချက်စာ​​တွေ၊​ ချိနဲ့​တဲ့​စာ​​တွေ ဖြစ်လို့​​နေပါတယ်။ အဲဒါ​​တွေကိုဖတ်ပြီး​​ စိတ်ဆင်း​​ရဲ​​နေရှာသူ မြန်မာကြီး​​တစ်​​ယောက်က မြန်မာစာ​​ပေ ပြန်လည်အညွန့်​လူလာ​​ရေး​​အတွက် အပင်ပန်း​​ခံ ရှာ​​ဖွေတင်ပြထား​​တဲ့​ စာအုပ်ဖြစ်တာမို့​ မြန်မာကို ချစ်သူတိုင်း​​၊​ မြန်မာစာချစ်သူတိုင်း​​၊​ မြန်မာစကား​​​ပြောသူတိုင်း​​၊​ အိုဗျာ့​ မြန်မာတိုင်း​​ဖတ်ကြည့်​သင့်​တဲ့​ စာအုပ်လို့​ပဲ ညွှန်း​​လိုက်ချင်လှပါတယ်။

စာအုပ်ထဲမှာ မြန်မာစကား​​အသုံး​​အနှုန်း​​၊​ ဥပစာနဲ့​ဆိုရိုး​​အ​​ထွေ​​ထွေ စုစု​​ပေါင်း​​ ၁၅၁ခု ပါဝင်ပါတယ်။ စာအုပ်အဆုံး​​ မှာ အက္ခရာစဉ်အညွှန်း​​လည်း​​ပါတာမို့​ ​​လေ့​လာသူများ​​အတွက်လည်း​​ အဆင်​​ပြေမှာပါ။ အဲဒီ့​ ၁၅၁ ခုထဲက နမူနာ တစ်ခုကို ​​ကောက်နုတ်ပြပါရ​​စေဦး​​။ အမှတ်စဉ် ၁၀၉က ”ထိက​​ပေါက်”တဲ့​။ အဲဒါကို အခုလိုဖွင့်​ဆိုထား​​ပါတယ်။ သည်​​ခေတ်မှာ မ​​တွေ့​ရ​​တော့​တဲ့​ စကား​​ပါ။ ကွယ်​​ပျောက်သွား​​ပြီလို့​ ယူဆရ​​တော့​မှာပါ။ ကျွန်​​တော်တို့​ ငယ်ငယ်က အထိ​​တော့​ မန္တ​​လေး​​ဘက်မှာ သုံး​​တတ်ကြပါ​​သေး​​တယ်။ ခု​​ခေတ်​​တော့​ ခါး​​ပတ်​​ခေါင်း​​လို့​သာ ​​ခေါ်​​နေကြပါ​​တော့​ တယ်။ ဆရာကြီး​​​ရွှေဥ​​ဒေါင်း​​ဘာသာပြန်ထား​​တဲ့​ ချား​​လ်ဒစ်ကင်ရဲ့​ ”​​မျှော်တလင့်​လင့်​”ဝတ္ထုထဲမှာ “…ကျွန်ုပ်ကမူ ခါး​​ပတ်အတွက် ထိက​​ပေါက် နမူနာဖြစ်သည်ဟု ထင်မိ၏”လို့​ ​​ရေး​​သား​​သုံး​​နှုန်း​​ထား​​ပါတယ်။ (စာ – ၈၈)

ဒါနဲ့ ​တင် သည်စာအုပ်ထဲက မြန်မာစကား​​အသုံး​​အနှုန်း​​​လေး​​​တွေ ဘယ့်​က​​လောက်စိတ်ဝင်စား​​ဖို့​ ​​ကောင်း​​တယ် ဆိုတာ စာဖတ်သူလူကြီး​​မင်း​​များ​​ ရိပ်စား​​မိတန်​​ကောင်း​​ပြီဖြစ်သလို ကျွန်​​တော့်​ရဲ့​ မြန်မာတိုင်း​​ဖတ်သင့်​တယ်ဆိုတဲ့​ အညွှန်း​​စကား​​ကိုလည်း​​ သ​​ဘောမျှနိုင်သွား​​​လောက်ပါပြီ။ အဲဒီ့​စာအုပ်ထဲမှာ ဆရာလူထုစိန်ဝင်း​​​ရေး​​ထား​​တာ​​လေး​​နဲ့​ပဲ နိဂုံး​​ချုပ်ပါရ​​စေ။ ​​မှေး​​မှိန်တာကြာသွား​​ရင် ​​ပျောက်သွား​​​တော့​မှာပါ။ သည်လိုနဲ့​ ​​ပျောက်ကွယ်သွား​​တဲ့​ စကား​​​တွေ နည်း​​သလား​​။ ​​ပျောက်သင့်​လို့​ ​​ပျောက်သွား​​တာကို​​တော့​ ဝမ်း​​နည်း​​​နေဖို့​မရှိပါဘူး​​။ ​​ခေတ်နဲ့​မ​​လျော်ညီ​​တော့​တဲ့​ အ​​ဟောင်း​​​တွေမှန်သမျှ ချုပ်ငြိမ်း​​ကွယ်​​ပျောက်ရ​​တော့​မှာပါ။ မ​​ပျောက်သင့်​တဲ့​၊​ ​​ခေတ်နဲ့​ အပ်စပ်​​သေး​​တဲ့​၊​ လှပတဲ့​အသုံး​​အနှုန်း​​​တွေ ကွယ်​​ပျောက်မသွား​​​စေဖို့​အတွက် ဝိုင်း​​ဝန်း​​ထိန်း​​သိမ်း​​သင့်​ကြပါတယ်။ စာ​​ရေး​​​နေတဲ့​သူ​​တွေ အား​​လုံး​​မှာလည်း​​ တာဝန်ရှိပါတယ်။ နိုင်ငံခြား​​စကား​​လုံး​​​တွေအတွက်လည်း​​ မြန်မာစကား​​လုံး​​​တွေ တီထွင်​​ပေး​​သင့်​ ပါတယ်။ အင်္ဂလိပ်စကား​​လုံး​​​တွေကို ဖြစ်နိုင်သမျှ ထည့်​မ​​ရေး​​သင့်​ပါဘူး​​။ (စာ-၁၀၁-၁၀၂)

အား​​လုံး​​​တွေး​​ဆ ဆင်ခြင်ကြည့်​နိုင်ကြပါ​​စေ။


အတ္တ​​ကျော်


မြန်မာစာ ၊​ မြန်မာစကား​​ မြန်မာ​​တွေကြား​​မှာ တိုး​​တက်လာနိုင်ပါ​​စေ ။

0 responses to “ မြန်မာမှန်ရင် ဖတ်သင့်​တယ် ”

Leave a Reply