​​ပေ​​လေး​​​ပင်၊​ ရှင်​​လေး​​​ပါး​​​-အ​​ကြောင်း​​​

​​ပေ​​လေး​​​ပင်၊​ ရှင်​​လေး​​​ပါး​​​-ဆိုတဲ့​​စကား​​​ဟာ အစဉ်အဆက် မှတ်သား​​​ခဲ့​​ကြတဲ့​​ စကား​​​ဖြစ်လို့​​ ​​လေ့​​လာမှတ်သား​​​ဖို့​​ ​​ကောင်း​​​ပါတယ်။
မြန်မာသက္ကရာဇ် ၈၀၀-ပြည့်​​နှစ် အင်း​​​ဝ​​ခေတ် မိုး​​​ညှင်း​​​မင်း​​​တရား​​​လက်ထက်မှာ ​​တောင်တွင်း​​​ကြီး​​​မြို့​​မှာ တ​​ဘောင်တခု ​​ပေါ်တယ်တဲ့​​။ အဲဒီတ​​ဘောင်က "ဘုရား​​​ရှစ်​​သောင်း​​​၊​ ​​လေး​​​​ထောင်​​ဆောင်း​​​၍၊​ ကိန်း​​​​အောင်း​​​စံရန်၊​ ဓမ္မခန်သည်၊​ သံ​​တောင်ဖြိုး​​​မြင့်​​၊​ စွင့်​​လိမ့်​​​လေ။ အကိုက်​​လေး​​​​ဖော်၊​ ​​မြေမှ​​ပေါ်​​သော်၊​ ရှင်​​ကျော်​​လေး​​​ဦး​​​၊​ ခူး​​​လိမ့်​​​လေ။ ခူး​​​လည်း​​​ခူး​​​လတံ့​​၊​ ကူး​​​လည်း​​​ကူး​​​လတံ့​​၊​ မြူး​​​လည်း​​​မြူး​​​လတံ့​​ "လို့​​ ဖြစ်ပါတယ်။

တ​​ဘောင်ဆိုတာက ​​နောင်ဖြစ်လာမယ့်​​အ​​ကြောင်း​​​အရာကို ကြိုပြီး​​​နိမိတ်ဖတ်တဲ့​​ စကား​​​ပါ။ အဲဒီစကား​​​အရ "အကိုက်​​လေး​​​​ဖော်" ဆိုတာ ​​ပေပင်အစို့​​အကိုက်​​လေး​​​စို့​​လို့​​ ဆိုလိုတာတဲ့​​။ အဲဒီတ​​ဘောင်အရ ​​ပေဆိုတာဟာ စာ​​ပေကို ဆိုလိုတာဖြစ်တဲ့​​အတွက် စာ​​ပေကျမ်း​​​ဂန်တတ်ကျွမ်း​​​တဲ့​​ ရှင်သာမ​​ဏေပုဂ္ဂိုလ်​​ကျော် ​​လေး​​​ပါး​​​ ​​ပေါ်လိမ့်​​မယ်လို့​​ ငှက်ပစ်​​တောင် ဆရာ​​တော်က အတိတ်နိမိတ် ​​ကောက်တယ်တဲ့​​။

မကြာမီ အဲဒီနှစ်မှာပဲ ​​တောင်တွင်း​​​ကြီး​​​မြို့​​ ​​မြောက်ဘက်၊​ မြို့​​လုလင်ရွာ၊​ သတိုး​​​ထမ်း​​​ရွာ၊​ မကျည်း​​​​ယောင်ရွာ တို့​​မှာ ​​ပေစို့​​ကြီး​​​ ​​လေး​​​စို့​​ ​​မြေကြီး​​​ထဲက ​​ပေါ်ထွက်လာလို့​​ မြို့​​သူမြို့​​သား​​​​တွေက "​​ပေ​​လေး​​​ပင်၊​ ရှင်​​လေး​​​ပါး​​​" ​​ပေါ်​​တော့​​မယ်ဆိုပြီး​​​ ဝမ်း​​​သာအား​​​ရ ဖြစ်ကြတယ်တဲ့​​။ အဲဒီနိမိတ်အတိုင်း​​​ ၈၁၅-ခုနှစ်မှာ မြို့​​လုလင်ရွာမှာ ​​မောင်ဥက္ကာ (ရှင်ဥတ္တမ​​ကျော်)၊​ နဲ့​​ ​​မောင်ညို (ရှင်မဟာသီလဝံသ)၊​ သတိုး​​​ထမ်း​​​ရွာမှာ ရှင်အုန်း​​​ညို၊​ မကျည်း​​​​ယောင်ရွာမှာ ရှင်​​ခေမာ-ဆိုပြီး​​​ ပုဂ္ဂိုလ်​​လေး​​​ပါး​​​ ​​ပေါ်​​ပေါက်လာခဲ့​​ပါတယ်။ အဲဒီပုဂ္ဂိုလ်​​လေး​​​ပါး​​​ကို ​​ပေ​​လေး​​​ပင်၊​ ရှင်​​လေး​​​ပါး​​​-လို့​​ ​​ခေါ်ကြတာဖြစ်ပါတယ်။

တခုမှတ်သား​​​ဖို့​​က​​တော့​​ အဲဒီ​​ပေ​​လေး​​​ပင် ရှင်​​လေး​​​ပါး​​​-ဆိုတဲ့​​ စကား​​​ဟာ ကိုလိုနီ​​ခေတ်ဦး​​​ပိုင်း​​​​လောက်ကမှ ​​တွေ့​​ရတဲ့​​စကား​​​ဖြစ်တယ် ဆိုတာပါပဲ။ ​​ရှေး​​​က စာ​​တွေထဲမှာ အဲဒီပုဂ္ဂိုလ်​​တွေရဲ့​​ အတ္ထုပ္ပတ္တိကို ​​ဖော်ပြရာမှာ ​​ပေ​​လေး​​​ပင် ရှင်​​လေး​​​ပါး​​​အ​​ကြောင်း​​​ မပါပါဘူး​​​။ ထင်ထင်ရှား​​​ရှား​​​ စ​​တွေ့​​ရတာက​​တော့​​ ၁၉၁၁-ခုနှစ်မှာ ဦး​​​​အောင်ဆိုတဲ့​​ မြန်မာပညာရှိကြီး​​​ ​​ရေး​​​သား​​​တဲ့​​ ရှင်ဥတ္တမ​​ကျော် နဲ့​​ ခုံ​​တော်​​မောင်ကျဘမ်း​​​ စကား​​​စစ်ထိုး​​​ခန်း​​​-ဆိုတဲ့​​ ကဝိ​​သေနင်္ဂဗျူဟာကျမ်း​​​-မှာပါပဲ။

​​မောင်ခင်မင် (ဓနုဖြူ)
(မင်္ဂလာ​​မောင်မယ် ၂၀၁၀-ခု ​​ဖေ​​ဖော်ဝါရီလ)

0 responses to “ ​​ပေ​​လေး​​​ပင်၊​ ရှင်​​လေး​​​ပါး​​​-အ​​ကြောင်း​​​ ”

Leave a Reply