ယ​​နေ့​​ နိုင်ငံ​​တော်သီချင်း​​ဖြစ်သည့်​​ ကမ္ဘာမ​​ကြေ---အစချီ သီချင်း​​ကို ​​ရေး​​စပ်ခဲ့​​သူ​ဟာ ဘယ်သူ​ဖြစ်ပါသလဲခင်ဗျား​​။

 ဒီ​​နေ့​​ ပြဋ္ဌာန်း​​ထား​​တဲ့​​ နိုင်ငံ​​တော်သီချင်း​​ဟာ ကိုလိုနီ​​ခေတ်မှာ စတင်​​ပေါ်​​ပေါက်လာတဲ့​​ တို့​​ဗမာ သီချင်း​​ကို အ​​ခြေခံပြီး​​ ​​ပေါ်​​ပေါက်လာတဲ့​​ သီချင်း​​ဖြစ်ပါတယ်။ တို့​​ဗမာအစည်း​​အရုံး​​ရဲ့​​ လွတ်လပ်​​ရေး​​ကြိုး​​ပမ်း​​မှု အရှိန်အဟုန် မြင့်​​မား​​​နေချိန်မှာ ဝိုင်အမ်ဘီ ဆရာတင်က ​​ရေး​​ဖွဲ့​​ခဲ့​​တာပါ။ အဲဒီ​​ခေတ်က လူ​ငယ်​​တွေကို လွတ်လပ်​​ရေး​​အတွက် ကြိုး​​ပမ်း​​စိတ် ထက်သန်လာ​​အောင် လှံု့​​​ဆော်​​ပေး​​နိုင်တဲ့​​ သီချင်း​​ဖြစ်လို့​​ သမိုင်း​​ဝင်သီချင်း​​တပုဒ် ဖြစ်ပါတယ်။ ပွဲလမ်း​​သဘင်အခမ်း​​အနား​​​တွေမှာ လူ​ငယ်​​တွေ တက်တက်ကြွကြွ သီဆို​တဲ့​​သီချင်း​​ပါပဲ။ 

(အကယ်ဒမီရတဲ့​​ တိုက်ပွဲ​​ခေါ်သံ ရုပ်ရှင်ကား​​မှာ အဲဒီသီချင်း​​ကို ​​ဇော်လင်း​​တို့​​ တက်တက်ကြွကြွ သီဆိုကြပုံ ပါပါတယ်။)သီချင်း​​​ရေး​​တဲ့​​ ဝိုင်အမ်ဘီ ဆရာတင်ဟာ ဗုဒ္ဓဘာသာလူ​ငယ်များ​​ အင်္ဂလိပ် အလွတ်ပညာသင်
​​ကျောင်း​​လိ်ု့​​​ခေါ်တဲ့​​ ဝိုင်အမ်ဘီ အလွတ်ပညာသင်​​ကျောင်း​​ကို တည်​​ထောင်လို့​​ “ဝိင်အမ်ဘီ)ဆရာတင်လို့​​
​​ခေါ်တာပါ။ (ဝိုင်အမ်ဘီ​​အေနဲ့​​ မှား​​တတ်ပါတယ်)။ ၎င်း​အသင်း​​ဝင်း​​​တော့​​ ဝိုင်အမ်ဘီ သခင်တင်လို့​​ ထင်ရှား​​ပါတယ်။

လွတ်လပ်​​ရေး​​ ရခါနီး​​ နိုင်ငံ​​တော်သီချင်း​​ကို ​​ရေး​​စပ်ဖို့​​စဉ်း​​စား​​ရာမှာ အစဉ်အလာကြီး​​မား​​တဲ့​​ တို့​​ဗမာသီချင်း​​ကိုပဲ အ​​ခြေခံပြီး​​ ​​ရေး​​စပ်ဖို့​​ ဆုံး​​ဖြတ်ပြီး​​ တိုင်း​​ပြုပြည်ပြုလွှတ်​​တော် တတိယညီလာခံက ၁၉၄၇-ခုနှစ်၊​ စက်တင်ဘာလ ၂၂-ရက်​​နေ့​​မှာ အတည်ပြုခဲ့​​ပါတယ်။ နိုင်ငံ​​တော်သီချင်း​​ကို ​​ရေး​​ဖွဲ့​​ရာမှာ တို့​​ဗမာသီချင်း​​က စကား​​လုံး​​တချို့​​ကို
ပြုပြင်​​ပြောင်း​​လဲပြီး​​ ​​တေး​​များ​​ကို​​တော့​​ မူ​လ​​တေး​​များ​​အတိုင်း​​ သတ်မှတ်ပါတယ်။ တို့​​ဗမာသီချင်း​​ထဲက “အမျိုး​​သား​​​ရေး​​ ကြိုး​​ပမ်း​​ကြပါ တို့​​ဗမာ” ဆိုတဲ့​​စာသား​​ကို နိုင်ငံ​​တော်သီချင်း​​မှာ “တရား​​မျှတ လွန်လပ်ခြင်း​​နဲ့​​ မ​​သွေ တို့​​​ပြေ တို့​​​မြေ”လို့​​ ​​ပြောင်း​​တာမျိုး​​​ပေါ့​​၊​ ​​တေး​​သွား​​က​​တော့​​ တို့​​ဗမာ သီချင်း​​ရဲ့​​ ​​တေး​​သွား​​အတိုင်း​​ပါပဲ။ လမ်း​​စဉ်ပါတီ​​ခေတ်တုန်း​​ကလည်း​​ နိုင်ငံ​​တော်သီချင်း​​အသစ် မ​​ပြောင်း​​လဲဘဲ ဆက်ပြီး​​သုံး​​ခဲ့​​ပါတယ်။ ဒီ​​နေ့​​ဖွဲ့​​စည်း​​ပုံအ​​ခြေခံ ဥပ​​ဒေမှာလည်း​​ ဒီသီချင်း​​ကိုပဲ ဆက်လက်ပြဋ္ဌာန်း​​ပါတယ်။

​​မောင်ခင်မင် (ဓနုဖြူ​)
(မင်္ဂလာ​​မောင်မယ် ၂၀၁၁-စက်တာင်ဘာလ)

0 responses to “ ယ​​နေ့​​ နိုင်ငံ​​တော်သီချင်း​​ဖြစ်သည့်​​ ကမ္ဘာမ​​ကြေ---အစချီ သီချင်း​​ကို ​​ရေး​​စပ်ခဲ့​​သူ​ဟာ ဘယ်သူ​ဖြစ်ပါသလဲခင်ဗျား​​။ ”

Leave a Reply