တက္ကသိုလ်-ဟူ​​​သော ​​ဝေါဟာရ၏ အဓိပ္ပါယ်။

(တက္ကသိုလ်ရဲ့​​ အဓိပ္ပါယ်)

တက္ကသိုလ်-ဆိုတာ မူ​လက​​တော့​​ အိန္ဒိယ​​မြောက်ပိုင်း​​​ ပြည်နယ်တပြည်နယ်ရဲ့​​ အမည်ဖြစ်ပါတယ်။ တက္ကသီလာ (Taxila) လို့​​​ခေါ်ပါတယ်။ တက္ကသီလ-ဆိုတာ ပါဠိစကား​​​​ပေါ့​​။ 
တက္က=ယုတ်​​လျော့​​သည်ကို ဖြည့်​​ဆည်း​​​ခြင်း​​​၊​ သီလ=အ​​လေ့​​။ 
ဒီ​​တော့​​ ယုတ်​​လျော့​​ခြင်း​​​ကို ဖြည့်​​ဆည်း​​​​ပေး​​​​လေ့​​ရှိတဲ့​​​နေရာလို့​​ အဓိပ္ပါယ်ရတယ်။ ပညာဖြည့်​​ဆည်း​​​​ပေး​​​​လေ့​​ ရှိတဲ့​​​နေရာလို့​​ ဆိုလိုတာပါ။ တချို့​​ကလည်း​​​ 

တက္က=ကြံစည်ခြင်း​​​လို့​​ အဓိပ္ပါယ်ဖွင့်​​ပြီး​​​ ကြံစည်စဉ်း​​​စား​​​တဲ့​​အ​​လေ့​​ရှိတဲ့​​​နေရာ-လို့​​ ဖွင့်​​ဆိုကြတယ်။ 
တက္ကသီလကို မြန်မာက ​​မွေး​​​စား​​​လိ်ုက်​​တော့​​ တက္ကသိုလ်-ဆိုတဲ့​​ ​​မွေး​​​စား​​​စကား​​​လုံး​​​ ဖြစ်လာတာပါ။ စာ​​တွေထဲမှာ တက္ကသိုလ်ပြည်က ဒိသာပါ​​မောက္ခဆရာကြီး​​​ဆီမှာ မင်း​​​သား​​​​တွေ ပညာသင်တဲ့​​အ​​ကြောင်း​​​ ပါပါတယ်။ တက္ကသိုလ်ပြည်က အဲဒီတက္ကသီလာပါပဲ။ ကိုလိုနီ​​ခေတ်မှာ University ဆိုတဲ့​​ အင်္ဂလိပ်စကား​​​ကို ယူ​နီဗာစီတီ-လို့​​ ပထမ​​ခေါ်​​နေပြီး​​​ ​​နောက်မှ မြန်မာလို​​ခေါ်ဖို့​​ စဉ်း​​​စား​​​တဲ့​​အခါ အဲဒီတက္ကသိုလ်ဆိုတဲ့​​ စကား​​​လုံး​​​ကို သုံး​​​တာပါပဲ။ ဒီ​​တော့​​ တက္ကသိုလ်-ဟာ ပညာသင်ကြား​​​​ပေး​​​တဲ့​​ ယူ​နီဗာစီတီ​​ကျောင်း​​​-လို့​​ အဓိပ္ပါယ်ရတာ​​ပေါ့​​။ အဆင့်​​မြင့်​​ပညာရပ်များ​​​ကို သင်ကြား​​​ရာ​​ကျောင်း​​​ကြီး​​​ -လို့​​ ဖွင့်​​ပါတယ်။

​မောင်ခင်မင် (ဓနုဖြူ)
(မင်္ဂလာ​မောင်မယ် ၂၀၁၁-မတ်လ)

0 responses to “ တက္ကသိုလ်-ဟူ​​​သော ​​ဝေါဟာရ၏ အဓိပ္ပါယ်။ ”

Leave a Reply