ယနေ့ခေတ် မြန်မာစာ ရေးသားနည်းအမျိုးမျိုး
အရေးအသား (၁) ယနေ့ထုတ် ဂျာနယ်/မဂ္ဂဇင်းများတွင် အတွေ့ရများသည်။
မှတ်ချက်။ အောက်ပါတို့မှာ ဥပမာသာဖြစ်ပါသည်။
ယနေ့ MYANMAR HERALD TRIBUNE ဂျာနယ် (တကယ်ရှိသည့်ဂျာနယ်မဟုတ်ပါ) တွင် သင်ဖတ်ရှုရမည့် News Headlines များ -
- American အပါအဝင် West အုပ်စု၏ ရွှေဝါဝါနိုင်ငံအပေါ် ထားရှိသည့် sanction များကြောင့် အဓိကအားဖြင့် general public မှာသာ များစွာနစ်နာရပါကြောင်းနှင့် sanction ကို ရုပ်သိမ်းသင့်မသင့် ပြန်လည်စဉ်းစားသင့်ကြောင်း President ဖြစ်သူ ဦးဝိန့်စိန်က ပြောကြား။
- Clean government, good governance ဖြစ်ရေး ဌာနဆိုင်ရာအသီးသီးတွင် anti-corruption အတွက် Action plan များ ချမှတ်
- မြို့တွင်း downtown ခြောက်မြို့တွင် လမ်းဘေးဈေးသည်များအား စတင်ရှင်းလင်း၊
- ရွှေဝါဝါနိုင်ငံ၏ ပထမဆုံးနှင့်နောက်ဆုံး private airline ဖြစ်သည့် Air Gold မြို့တော် နေပူပူနှင့် အိမ်နီးချင်းနိုင်ငံ Akhind မြို့တို့ကြား Charter Flight ပြေးဆွဲမည်၊ Open season ရောက်လျှင် Scheduled flight လည်း ပြေးဆွဲမည်။
Breaking News: ဟိုဟိုသည်သည်မြို့၊ တီတီတာတာလမ်းတွင် ယမန်နေ့ညက ကားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွား၊ တစ်ဦးသေပြီး နှစ်ဦးမှာ ဆေးရုံသို့အရေးပေါ်တင်ထားရကာ critical အနေအထားတွင်ရှိ။
ဆောင်းပါးရှင် မောင်တွတ်၏ Editorial - ယနေ့ခေတ်ယနေ့အခါတွင် constitution အရ ပေါ်ပေါက်လာသည့် Political Space ကိုအသုံးချပြီး နိုင်ငံ၏ stakeholders များ (တပ်မတော်၊ ethnic groups နှင့် oppositions) က civil society နှင့် institutions များကို အမြစ်ခိုင်အောင် တည်ဆောက်ရ မည်ဖြစ်ပေသည်။ အားလုံးသော National stakeholders များက ခွက်ထဲတွင်ရေတစ်ဝက်သာရှိသည်ဟု မမြင်ဘဲ ရေတစ်ဝက်တောင် ရှိသည်ဟု မြင်စေချင်ပါသည်။
အရေးအသား (၂)။ တချို့သော ပညာရှင်ဆိုသူတို့၏ ပညာပြဆောင်းပါးများတွင်တွေ့ရတတ်သည်။
ယနေ့ခေတ်သည် ပညာခေတ် (knowledge age) ဖြစ်ရာ ယနေ့ ကျွန်တော်တို့၏မျိုးဆက်သစ် (New generations) များအား အသေကျက်မှတ် (parrot learning) ခိုင်းသည့်စနစ်ဖြင့် သွား၍မရတော့ဘဲ နိုင်ငံတကာ (International) တွင် ကျင့်သုံးနေသည့် ဆင်ခြင်စဉ်းစားသည့်နည်း (critical thinking) ကိုပါ သူတို့အတွက် ကျောင်းသင်ရိုး(curricula) များတွင် ထည့်သွင်းပြဋ္ဌာန်း (prescribe) ပေးရပါလိမ့်မည်။ နိုင်ငံတကာ (international) ကို အမီလိုက် (catch up)လိုပါလျှင် ရှေးရိုးစွဲစာသင်နည်း (Conservative teaching methods) များကို စွန့်ပစ် (discard) ခဲ့ရပါလိမ့်မည်။
အရေးအသား (၃)။ အချို့သောနိုင်ငံရေးပဏ္ဍိတ် (သို့) မင်းဆရာများ၏ဆောင်းပါးများတွင် တွေ့ရသည်။
၂၁ ရာစုတွင် ဂလိုဘယ်ပါဝါသည် အမေရိကန်နှင့် အနောက်ဥရောပမှ အရှေ့အာရှသို့ ရွေ့သွားပေပြီ။ အစဉ်အလာပါဝါ နိုင်ငံ တို့နှင့် ၎င်းတို့၏ ဒီမိုကရေစီနှင့် မားကတ်ကက်ပီတယ်လစ်ဇင်သည် ကွန်မြူနစ်ဇင်အပေါ် အောင်ပွဲခံခဲ့ပြီဟု ၁၉၉၀ အစောပိုင်းက ဖူကူယားမားက ဆိုခဲ့လင့်ကစား အနောက်ကမ္ဘာသည် ၎င်း၏ အင်စတီကျူးရှင်းအခြေပြု နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု ဖြစ်စဉ်နှင့် တမူကွဲပြားစွာ ထိုးထွက်လာသော တရုတ်မော်ဒယ် အီကိုနိုမီကို လျှော့တွက်ခဲ့ပေသည်။ သောမတ် ဖရိုင်းမင်း၏ ကမ္ဘာပြားခြင်း အယူအဆအရ နီယို လစ်ဘရယ်တို့သည်။
ဝေဘုန်းယံ မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။