မြန်မာစာစနစ်များ၏ နောက်ခံကား
ယခုအခါ ကွန်ပျူတာသုံး မြန်မာစာ စနစ်အမျိုးမျိုး ပေါ်ထွန်းလျှက် ရှိသည်။ ၄င်း စနစ် အသီးသီး ၏ ပေါ်ပေါက် လာရခြင်း အကြောင်းရင်း နှင့် သဘော သဘာဝများမှာ တခု နှင့် တခု မတူညီပဲ ကွဲပြား လျှက်ရှိသည်။ Unicode 5.1 တွင် မြန်မာ အက္ခရာများ ၏ နေရာ သတ်မှတ်ချက် တည်ငြိမ်လာပြီဖြစ်ရာ အချက်အလက်များ မျှဝေ နိုင်ရန်၊ မြန်မာ ဘာသာဖြင့် ရေးသား ထားသောစာများ ကို အက္ခရာဝလိစီရန် နှင့် ရှာဖွေနိုင်ရန် ၄င်း နေရာ သတ်မှတ်ချက်များ အတိုင်း ပြောင်းလဲ သုံးစွဲ သင့်ပြီ ဖြစ်သည်။ လက်ရှိ စနစ်များ ၏ နောက်ခံကားကို နားလည် သဘောပေါက်မှ ၄င်း စနစ်များ အား အသုံးပြု လျှက်ရှိသူတို့ကို Unicode အဆင့်မီ စနစ်များ သို့ ချောချောမွေ့မွေ့ ပြောင်းလဲနိုင်စေမည်ဖြစ်ရာ ဤစာတမ်းငယ်တွင် လက်ရှိ မြန်မာစာ စနစ်များ ၏ သဘော သဘာဝကို Information Systems Practitioner တစ်ဦး ၏အမြင်မှ ဆွေးနွေး တင်ပြမည် ဖြစ်သည်။
ယခုအခါ ကွန်ပျူတာကို အသုံးပြုရာတွင် အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်စသော အနောက်တိုင်း ဘာသာစကားများသာမကပဲ တရုတ်၊ ကိုရီးယား၊ ဂျပန် စသော အရှေ့တိုင်း ဘာသာစကားများဖြင့်လဲ လွယ်ကူစွာ အသုံးပြုနိုင်ကြပြီ ဖြစ်သည်။ ဤကဲ့သို့ မိခင်ဘာသာစကားများဖြင့် ကွန်ပျူတာကို အသုံးပြုနိုင်ရခြင်းမှာ ဘာသာစကားအများအပြား၏ အက္ခရာများကို code-range တစ်ခုအတွင်းတွင် နေရာချထားပေးသော Unicode ခေါ် စံနှုန်းတစ်ရပ်ကို အများသဘောတူ သတ်မှတ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ အဆိုပါ စံနှုန်းအတွင်းတွင် မြန်မာအက္ခရာများအတွက် code-range ကို သတ်မှတ်နိုင်ခဲ့သော်လည်း နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် အသေးစိတ် အကောင်အထည်ဖော်မည့် ပုံစံကို အတည်မပြုနိုင်သေးပဲ ရှိခဲ့သည်။
ယခုအခါ မြန်မာစာ Unicode စနစ်သည် တည်ငြိမ်စ ပြုလာပြီဖြစ်ပြီး ဇော်ဂျီ မြန်မာစာ စနစ်မှာ အခြားဘာသာစကားများနှင့် ယှဥ်တွဲ သုံးစွဲနိုင်သည့် Unicode အစစ်မဟုတ်သော်လည်း အများသုံး (de facto) စံနှုန်းတစ်ရပ် အဖြစ် ရပ်တည်လျှက်ရှိသည်။ ယခင်က သုံးစွဲခဲ့သော ASCII (truetype) font များနှင့် Burglish သုံးစွဲမှုများလဲ ယနေ့တိုင် ရပ်တည်လျှက်ရှိသည်ကို တွေ့ရှိရသည်။ ဤစာတမ်းတွင် 8 bit font များနှင့် burglish အကြောင်းကို ရှေးဦးစွာတင်ပြပြီး အများသုံးဖြစ်သည့် ဇော်ဂျီစနစ်အကြောင်းကို ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။ ထို့နောက် Unicode 5.1 အဆင့်မီစနစ်များအကြောင်းနှင့် ၄င်းတို့ကို အဘယ်ကြောင့် ရွေးချယ်သင့်သည်ကို ရှင်းလင်းရေးသားမည် ဖြစ်ပါသည်။
ယခင်က အင်္ဂလိပ်စာလုံးကဲ့သို့သော လက်တင်စာလုံးများဖြင့် ရေးသားထားသည့် contents များကို ကွန်ပျူတာများ ဝေမျှသုံးစွဲနိုင်စေရန်အတွက် စံအဖြစ် IBM မှ EBCDIC (8 bits) စနစ်နှင့် ASCII (7 bits) စနစ်ဟူ၍ စတင် ပေါ်ပေါက်ခဲ့သည်။ နောက်ပိုင်းတွင် ASCII စနစ်ကို 8 bit သို့ တိုးချဲ့ခဲ့သည်။ နာမည်ကြီး Windows စနစ်များတွင် ASCII စနစ်ကို အသုံးပြုနိုင်ရာ အင်္ဂလိပ်စာလုံးများကို ပုံပြင်ဆွဲ၍ မြန်မာစာလုံးပုံစံ အများအပြား ပေါ်ထွက်ခဲ့သည်။ ၄င်းတို့သည် နည်းပညာရှုထောင့်အရ အင်္ဂလိပ်စာကို ပုံပြောင်းထားခြင်းမျှသာဖြစ်ပြီး မြန်မာဘာသာဖြင့် ရေးသားထားသော အချက်အလက်များကို မြန်မာစာ အက္ခရာစီထုံးဖြင့် အလွယ်တကူ စီ၍မရပေ။ ယခုအခါ ၄င်းတို့ကို ပုံနှိပ်တိုက်များတွင် ကျယ်ပြန့်စွာ သုံးစွဲလျှက်ရှိပြီး CE နှင့် Win-Myanmar ပုံစံတို့မှာ ထင်ရှားသည်။
မြန်မာနှင့် အင်္ဂလိပ်စာ ရောထွေးရေးသားရန် 16 bit code များ မပေါ်ပေါက်မီက Chat application သုံးစွဲသူအချို့သည် ပြောလိုသော အကြောင်းအရာကို အသံဖလှယ်၍ အင်္ဂလိပ် အက္ခရာများဖြင့် ရေးသားသုံးစွဲကြသည်။ (ဥပမာအားဖြင့် Sar Pee P Lar ? = စားပြီးပြီလား ဖြစ်သည်။) ယနေ့တိုင် မြန်မာစာ ကောင်းစွာ မရိုက်တတ်သူ Chat application အသုံးပြုသူအချို့လဲ ရှိနေဆဲပင် ဖြစ်သည်။ ၄င်းတို့အတွက် အလိုအလျောက် ဘာသာပြန်ပေးသည့် စနစ်အမျိုးမျိုး ပေါ်ထွက်ခဲ့ရာ ဝိဇ္ဇာစနစ်မှာ ထင်ရှားသော ဥပမာ တစ်ခုဖြစ်ပြီး ဇော်ဂျီနှင့် Myanmar – 3 သို့ ဘာသာပြန်ပေးနိုင်သည်။
နိုင်ငံတကာသုံး စံနှုန်းဖြစ်သည့် Unicode စံနှုန်း (16 bit code) တွင် မြန်မာအက္ခရာများ၏ နေရာ (ခွင်) ကို အတိအကျ သတ်မှတ်နိုင်ခဲ့ပြီး ဖြစ်သော်လည်း စာလုံးများ၏ နေရာနှင့် ဘာသာစကား၏ ရှုပ်ထွေးမှု ပြဿနာများကို ဖြေရှင်းနိုင်ရန် စံသတ်မှတ်ချက် အတိအကျ မရှိသည်မှာ အတော်ပင် ကြာမြင့်ခဲ့သည်။ ဥပမာအားဖြင့် ပြ နှင့် ကြ တွင် ပါဝင်သော ရရစ်မှာ အတူတူပင်ဖြစ်သော်လည်း ၄င်းတို့ကို ပုံဖော်ရန်အတွက် software support (rendering support) လိုသည်။ ၄င်းကို အလွယ်နည်းနှင့် ဖြေရှင်းရန်မှာ code-range ကို ချဲ့ပစ်ရန်ဖြစ်ရာ (ရရစ် ၂ ခုသုံးမယ်၊ code ၂ ခုပေး ဆိုတာမျိုး) ပညာရှင်အချို့က စံနှုန်းမတည်ငြိမ်မီ ကာလအတွင်း ဆေးမြီးတိုအဖြစ် အခြားဘာသာစကားများ၏ code များကို ချေးငှားသုံးစွဲကာ ဇော်ဂျီစာလုံးစနစ်ကို ဖန်တီးခဲ့ကြသည်။
၄င်းသည် ပြဿနာ ၂ ရပ်ကို ဖိတ်ခေါ်လာသည်။ ဇော်ဂျီသည် အင်္ဂလိပ် အက္ခရာများ၏ code ကို မထိသဖြင့် အင်္ဂလိပ်/မြန်မာ တွဲဖက်ရေးသားရာတွင် အဆင်ပြေသော်လည်း ၄င်းချေးငှားထားသော ဘာသာစကားများနှင့် မြန်မာစာကို တွဲဖက်ရေးသားပါက ကွန်ပျူတာအနေနှင့် ချေးသုံးထားသော code များကို မည်သည့် အက္ခရာ (မြန်မာ အက္ခရာ သို့မဟုတ် အခြား အက္ခရာ) အဖြစ် ဖော်ပြပေးရမည်ကို မသိနိုင်ပဲ ဖြစ်လိမ့်မည်။ (ဥပမာ 1E29 သည် ‘ḩ’ လား၊ Latin Small Letter H with Cedilla လား မသိနိုင်တော့ပေ။) နောက်ပြဿနာတစ်ရပ်မှာ တူညီသော စာလုံးများ ကို code အများအပြားသို့ assign လုပ်ထားသဖြင့် အက္ခရာစဥ် စီရာ (နှင့် searching ရှာရာ) တွင် မလိုလားအပ်သော ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေပါသည်။ ဥပမာအားဖြင့် ရရစ်သည် ပြ ဟုရေးရာတွင် တမျိုး၊ ကြ ဟုရေးရာတွင် တမျိုး၊ လုံးကြီးတင်နှင့် တွဲရန်တမျိုး (ပြိ၊ ကြိ) စသဖြင့် code အမျိုးမျိုး ဖြစ်နေသည်။ အမှန်မှာ အက္ခရာ စဥ်ရာတွင် ကြသည် ပြအရှေ့ (ကြိသည် ပြိအရှေ့) ဟူ၍ ရရစ် ၂ မျိုးကို အတူတူ သဘောထားပြီး စီရရာ ဇော်ဂျီစနစ်ဖြင့် ရေးသားထားသော မြန်မာစာများကို အက္ခရာစီနိုင်ရန် ခက်ခဲပါသည်။
ဇော်ဂျီ၏ အဓိက အားနည်းချက် တစ်ရပ်မှာ စာလုံးများ၏ စံပုံစံ မရှိခြင်းပင် ဖြစ်သည်။ တ + – ိ + – ု (တို) နှင့် တ + – ု + – ိ (တို) တို့မှာ ဇော်ဂျီတွင် မတူညီကြပေ။ သို့ဖြစ်၍ ပထမ တို ကို ရှာဖွေရန် ကြိုးစားရာတွင် ဒုတိယ တို ကို ထည့်သွင်း ရှာဖွေခိုင်းပါက ရှာတွေ့မည် မဟုတ်ပါချေ။ တူညီသောစာလုံးများကို ရိုက်ထည့်သော အစီအစဥ် မတူညီခြင်းကြောင့် ကွန်ပျူတာက မတူညီဟု အဖြေထုတ်ပေးခြင်းမှာ လက်ခံနိုင်ဖွယ် အရည်အသွေးတစ်ရပ် မဟုတ်ပေ။ ဇော်ဂျီဖြင့် ရေးသားထားသော မြန်မာစာတို့မှာ တနေ့တခြား တိုးပွားလာနေရာ နောင်တချိန်တွင် ၄င်းတို့သည် ရှာရ၊ ဖွေရခက်သည့် စာအုပ်ပုံကြီးနှင့် အတူတူပင် ဖြစ်လာတော့မည် ဖြစ်သည်။ (အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ အကြောင်းကို ရေးသားသူ တဝက်က စ + – ိ + – ု + င + – ် + – း ဟု ရေးပြီး ကျန်တဝက်က စ + – ု + – ိ + င + – ် + -း ဟု ရေးပါက မည်သို့ ဖြစ်မည်ကို မှန်းဆကြည့်ပါ။) သို့ရာတွင် ရှေးယခင် လက်နှိပ်စက်များကဲ့သို့ပင် သဝေထိုးနှင့် ရရစ်ကို ဗျည်းမရိုက်ခင် ရိုက်ရခြင်း၊ ဗျည်းတွဲများ (ရရစ်ဝဆွဲ၊ ယပင့်ဝဆွဲ စသည်တို့)ကို ခလုတ်တစ်ချက်နှိပ်ရုံနှင့် ရေးသားနိုင်ခြင်းတို့မှာ သုံးစွဲသူတို့ နှစ်သက်ဖွယ်ဖြစ်သည်။
Windows စနစ်အများစုတွင် ဇော်ဂျီစနစ်ဖြင့် မြန်မာစာ ရေးသားရန်အတွက် အခမဲ့ ရရှိနိုင်သော Zawgyi installer application ကို သွင်းလိုက်ရန်သာလိုအပ်ပြီး ဖတ်ရှုရန်အတွက်မူ သာမာန် စာလုံးပုံစံတစ်ခု သွင်းသကဲ့သို့ ဇော်ဂျီ စာလုံးပုံစံကို သွင်းလိုက်ရန်သာ လိုအပ်သည်။ ရေးသားရန်အတွက် လက်ကွက်မှတပါး လေ့ကျင့်ရန် မလိုအပ်ပေ။ အသုံးပြုရလွယ်ကူခြင်းကြောင့် ယနေ့တွင် online ပေါ်ရှိ မြန်မာစာအသုံးပြုမှု (blog, forum, chat application) အများစုသည် ဇော်ဂျီ မြန်မာစာ စနစ်ဖြင့် ဖြစ်သည်။
Myanmar 3 အပါအဝင် Unicode 5.1 စနစ်သုံး မြန်မာစာစနစ်များသည်လည်း အစိုးရက ထောက်ခံနေလင့်ကစား အားနည်းချက်များ ရှိဆဲပင်ဖြစ်သည်။ ဥပမာအားဖြင့် မောက်ချာ (- ါ) နှင့် ရေးချာ (- ာ) တို့မှာ စာလုံး ၂ လုံးဖြစ်နေသည်။ အက္ခရာစဥ်ရာတွင် ၄င်းတို့ကို အတူတူဟု သဘောထားပြီး စီရသည်။ (ဇော်ဂျီ၏ ရရစ်ကဲ့သို့ပင် မလိုအပ်ပဲ code-range ကို ဖြုန်းတီးသကဲ့သို့ ဖြစ်နေပါသည်။) အသတ် (- ်)နှင့် ပုံစံတူသော်လည်း အသတ်နှင့် ဘာမှမဆိုင်သော ရှေ့ထိုး (ဥပမာ ကော် မှ – ်) မှာ code မရှိပါ။ တနည်းအားဖြင့်ဆိုသော် Unicode 5.1 သည်လည်း တိုးတက်ပြောင်းလဲဦးမည့် အရိပ်အယောင်များ ရှိနေပါသည်။ သို့ရာတွင် ၄င်းသည် စာရိုက်ရာတွင် သတ်မှတ်ထားသလိုသာ ရိုက်သွင်းရသဖြင့် ဇော်ဂျီကဲ့သို့ တို ၂ မျိုး ဖြစ်နေစရာ မရှိသဖြင့် ဇော်ဂျီထက် ပိုမို တည်ငြိမ်မည်ဟု မျှော်လင့်ရသည်။
ထို့ပြင် Myanmar – 3 ကိုအသုံးပြုရန်အတွက် အနည်းငယ်ရှုပ်ထွေးသော အဆင့်များ လိုအပ်သည်။ Windows စနစ်တွင် ဖတ်ရှုရန်အတွက်လဲ သီးသန့် software များ သွင်းရန် လက်ရှိအချိန်တွင် လိုအပ်ဆဲဖြစ်သည်။ ၄င်းကို အသုံးပြု ရေးသားရန်အတွက် အချိန်အနည်းငယ်ကြာမျှ လေ့ကျင့်ရန် လိုအပ်ပါသည်။
ယနေ့တွင် အစိုးရဝန်ကြီးဌာနများအားလုံးကို Myanmar-3 ကို အသုံးပြုရန် ညှွန်ကြားထားပါသည်။ ထို့ကြောင့် e-Government စနစ်များကို နောင်အနာဂါတ်တွင် မိတ်ဆက်ခဲ့ပါက Myamar – 3 ကို နိုင်ငံသားတိုင်း မဖြစ်မနေ အသုံးပြုရမည်မှာ သေချာသလောက် ရှိသည်။ ထို့ပြင် Windows စနစ်များတွင် Unicode 5.1 ကို အထောက်အပံ့ပေးပါက ဖတ်ရရေးရခက်သော ပြဿနာမှာ အလိုအလျောက် ပြေလည်သွားမည်ဖြစ်သည်။ (ယခုအခါ KDE သုံး Linux များတွင် Myanmar – 3 ကို ဒီအတိုင်း ဖတ်လို့ရပြီဖြစ်သည်။) ထိုအချိန်တွင် ဇော်ဂျီသည် Myanmar- 3 ထက်ပို၍ ရေးရ၊ ဖတ်ရလွယ်သည်ဆိုသော အားသာချက် မရှိနိုင်တော့ပေ။
အသုံးများသော ဇော်ဂျီမှ Unicode 5.1 သို့ပြောင်းလဲနိုင်ရေးသည် တကယ်တမ်းအားဖြင့် ကွန်ပျူတာ သိပ္ပံ ပြဿနာ တစ်ရပ်မဟုတ်ပါ (အကျယ်ကို လောကအလှနှင့် အင်တာဗျူး ရှု)။ Myanmar – 3 ကို ပြောင်းရမည်မှာလဲ သေချာ၊ ဇော်ဂျီကိုလဲ ကြာရှည် အသုံးပြုရန်လဲ အဆင်မပြေ၊ တစ်ဦးချင်း ပြောင်းရန်လဲ နည်းပညာအရ လွယ်ကူ လျှင်မြန်ပါလျှက်နှင့် ဇော်ဂျီကို လူများစု ဖက်တွယ်ထားကြခြင်းမှာ အကြောင်းရင်း ၂ ရပ်ကြောင့် ဖြစ်သည်။ ပထမ အကြောင်းရင်းမှာ Myanmar – 3 တွင် လက်နှိပ်စက်အတိုင်း ရိုက်မရပဲ လေ့လာသင်ကြားမှု လိုအပ်သောကြောင့် (ဇော်ဂျီ၏ တခုတည်းသော အားသာချက်) ဖြစ်သည်။ ဒုတိယ အကြောင်းရင်းမှာ လူများစု သုံးစွဲခြင်း မပြုသောကြောင့် အထီးကျန်မည်ကို စိုးရိမ်သည့် လူမှုရေး ပြဿနာဖြစ်ပြီး ပိုမိုအရေးကြီးသည်။
ယခုစာတမ်းငယ်တွင် 8 bit font၊ Burglish၊ ဇော်ဂျီနှင့် Myanmar – 3 အစရှိသော မြန်မာစာ စနစ်အမျိုးမျိုး၏ သဘောသဘာဝများကို သိနားလည်မှ Unicode အဆင့်မီ မြန်မာစာစနစ်များသို့ ပြောင်းလဲရန် အစီအစဥ်ကို ကြံဆနိုင်မည်ဖြစ်သဖြင့် ၄င်းတို့၏ ဂုဏ်သတ္တိများကို နည်းပညာနှင့် လူမှုရေး (သမိုင်းကြောင်းနှင့် သုံးစွဲသူများ) ရှုထောင့်များမှ တင်ပြထားသည်။ အဆိုပါ တွေ့ရှိချက်များကို အခြေခံ၍ Unicode အဆင့်မီ မြန်မာစာစနစ်များသို့ ပြောင်းလဲနိုင်ရန် အစီအစဥ်ကို ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေပါသေးသည်။
နိဒါန်း

8 Bit Systems

Burglish

ဇော်ဂျီ

Unicode 5.1 အဆင့်မီ မြန်မာစာစနစ်များ

ဘာကိုသုံးရမလဲ၊ ဘာကြောင့် လူများစု မသုံးသေးတာလဲ။
ယနေ့တွင် အစိုးရဝန်ကြီးဌာနများအားလုံးကို Myanmar-3 ကို အသုံးပြုရန် ညှွန်ကြားထားပါသည်။ ထို့ကြောင့် e-Government စနစ်များကို နောင်အနာဂါတ်တွင် မိတ်ဆက်ခဲ့ပါက Myamar – 3 ကို နိုင်ငံသားတိုင်း မဖြစ်မနေ အသုံးပြုရမည်မှာ သေချာသလောက် ရှိသည်။ ထို့ပြင် Windows စနစ်များတွင် Unicode 5.1 ကို အထောက်အပံ့ပေးပါက ဖတ်ရရေးရခက်သော ပြဿနာမှာ အလိုအလျောက် ပြေလည်သွားမည်ဖြစ်သည်။ (ယခုအခါ KDE သုံး Linux များတွင် Myanmar – 3 ကို ဒီအတိုင်း ဖတ်လို့ရပြီဖြစ်သည်။) ထိုအချိန်တွင် ဇော်ဂျီသည် Myanmar- 3 ထက်ပို၍ ရေးရ၊ ဖတ်ရလွယ်သည်ဆိုသော အားသာချက် မရှိနိုင်တော့ပေ။
အသုံးများသော ဇော်ဂျီမှ Unicode 5.1 သို့ပြောင်းလဲနိုင်ရေးသည် တကယ်တမ်းအားဖြင့် ကွန်ပျူတာ သိပ္ပံ ပြဿနာ တစ်ရပ်မဟုတ်ပါ (အကျယ်ကို လောကအလှနှင့် အင်တာဗျူး ရှု)။ Myanmar – 3 ကို ပြောင်းရမည်မှာလဲ သေချာ၊ ဇော်ဂျီကိုလဲ ကြာရှည် အသုံးပြုရန်လဲ အဆင်မပြေ၊ တစ်ဦးချင်း ပြောင်းရန်လဲ နည်းပညာအရ လွယ်ကူ လျှင်မြန်ပါလျှက်နှင့် ဇော်ဂျီကို လူများစု ဖက်တွယ်ထားကြခြင်းမှာ အကြောင်းရင်း ၂ ရပ်ကြောင့် ဖြစ်သည်။ ပထမ အကြောင်းရင်းမှာ Myanmar – 3 တွင် လက်နှိပ်စက်အတိုင်း ရိုက်မရပဲ လေ့လာသင်ကြားမှု လိုအပ်သောကြောင့် (ဇော်ဂျီ၏ တခုတည်းသော အားသာချက်) ဖြစ်သည်။ ဒုတိယ အကြောင်းရင်းမှာ လူများစု သုံးစွဲခြင်း မပြုသောကြောင့် အထီးကျန်မည်ကို စိုးရိမ်သည့် လူမှုရေး ပြဿနာဖြစ်ပြီး ပိုမိုအရေးကြီးသည်။
နိဂုံး
ယခုစာတမ်းငယ်တွင် 8 bit font၊ Burglish၊ ဇော်ဂျီနှင့် Myanmar – 3 အစရှိသော မြန်မာစာ စနစ်အမျိုးမျိုး၏ သဘောသဘာဝများကို သိနားလည်မှ Unicode အဆင့်မီ မြန်မာစာစနစ်များသို့ ပြောင်းလဲရန် အစီအစဥ်ကို ကြံဆနိုင်မည်ဖြစ်သဖြင့် ၄င်းတို့၏ ဂုဏ်သတ္တိများကို နည်းပညာနှင့် လူမှုရေး (သမိုင်းကြောင်းနှင့် သုံးစွဲသူများ) ရှုထောင့်များမှ တင်ပြထားသည်။ အဆိုပါ တွေ့ရှိချက်များကို အခြေခံ၍ Unicode အဆင့်မီ မြန်မာစာစနစ်များသို့ ပြောင်းလဲနိုင်ရန် အစီအစဥ်ကို ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေပါသေးသည်။
လော ရှည် – က တဲ့ ပွဲ ( http://opera.lawshay.com/2009/07/blog-post_15.html)

0
responses to “
မြန်မာစာစနစ်များ၏ နောက်ခံကား
”