မြန်မာ အက္ခရာ စဉ်ကြမယ် …

အင်္ဂလိပ်စာ အက္ခရာ​စဉ်နည်း​​​ကို​​တော့​​ ယ​​နေ့​​​ခေတ် လူငယ်​တိုင်း​​​လိုလို သိကြပြီး​​ဖြစ်ပါလိမ့်​​မယ်။ အင်္ဂလိပ်စာ အဘိဓာန်​ကို သုံး​​ကြ​သူတိုင်း​​ အင်္ဂလိပ်စာ အက္ခရာ​စဉ်​နည်း​​ကို သတိမပြုမိဘဲ​ ​​နေမှာ​မဟုတ်ပါဘူး​​။ ဟုတ်ပြီ..။ မြန်မာ​စာလုံး​​​တွေ​ကို​​ရော အစဉ်လိုက် ဘယ်လို​စီကြမလဲ​။ ​​လေ့​​လာကြည့်​​ကြပါစို့​​။


Myanmar Alphabet
Myanmar Alphabet

မြန်မာစာမှာ အက္ခရာစဉ်ရာမှာ နည်း​​လမ်း​​​လေး​​မျိုး​​ကို အသုံး​​ချပြီး​​ အစဉ်လိုက်စီပါတယ်။ အဲ​ဒီနည်း​​လမ်း​​ ​​လေး​​မျိုး​​က​​တော့​​-
(၁) ဗျည်း​​စဉ်
(၂) သရစဉ်
(၃) အသတ်စဉ်
(၄) ဗျည်း​​တွဲ​စဉ်ပါ။
အဲ​ဒီ ​​လေး​​မျိုး​​ကို တခုခြင်း​​ ဆက်​​လေ့​​လာကြမယ်။

(၁) ဗျည်း​​စဉ်
မြန်မာဗျည်း​​ (၃၃)လုံး​​ရှိတာကို အား​​လုံး​​ သိပြီး​​ဖြစ်မှာပါခင်ဗျာ။ အဲ​ဒါ​​ကြောင့်​​ မြန်မာအက္ခရာ​​တွေကို အစဉ်လိုက်စီစဉ်မယ်ဆိုရင် အရင်ဆုံး​​​စစဉ်း​​စား​​တာက ဘယ်ဗျည်း​​က အရင်​စ​သ​လဲ​ဆိုတာကို အရင်ဦး​​ဆုံး​​ စဉ်း​​စား​​ပြီး​​ စီပါတယ်။ ဥပမာ​အ​​နေနဲ​့​​ စဉ်ပြရရင် ခ​​ရေပန်း​​၊​ ကချွတ်က​​ချော်၊​ စခန်း​​သာ၊​ ဂမုန်း​​ပင် ဆိုတဲ​့​​ မြန်မာ​အက္ခရာ ​​လေး​​လုံး​​ကို အစီစဉ်တကျ အစဉ်​လိုက်​​ရေး​​​မယ်ဆိုရင် ကချွတ်က​​ချော်၊​ ခ​​ရေပန်း​​၊​ ဂမုန်း​​ပင်၊​ စခန်း​​သာ လို့​​ ​​ရေး​​ရ​ပါတယ်။
(၂) သရစဉ်
ဟုတ်ပြီ။ တကယ်လို့​​များ​​ ​​ရှေ့​​ဆုံး​​စာလုံး​​​တွေက ဗျည်း​​တူ​​နေတဲ​့​​ အက္ခရာ​​တွေကို ဆိုရင်​​ရော၊​ ဘယ်လို ဆက်စီကြမှာပါလိ့​​မ်။ ဟုတ်ကဲ​့​​..။ ​​ရှေ့​​ဆုံး​​စာလုံး​​​တွေမှာ ဗျည်း​​တူ​​နေခဲ​့​​ရင် အ၊​အိ၊​အု၊​​အေ အဲ​၊​​အော၊​အံ၊​အို ဆိုတဲ့​​  မြန်မာ​သရ (၈) မျိုး​​နဲ​့​​ ဆက်​စဉ်း​​စား​​​ပါတယ်။ ဥပမာအ​​နေနဲ​့​​က​​တော့​​ ခရမ်း​​သီး​​၊​ ခဲ​တံ၊​ ခိုဖြူ၊​ ခုတုံး​​​လုပ် ဆိုတဲ​့​​ အစ​ဗျည်း​​တူ အက္ခရာ​​​လေး​​လုံး​​ကို အစီအစဉ်​တကျ ပြန်​​ရေး​​မယ်​ဆိုရင် ခရမ်း​​သီး​​၊​ ခုတုံး​​လုပ်၊​ ခဲ​တံ၊​ ခိုဖြူ လို့​​ ပြန်စဉ်ရပါတယ်။
(၃) အသတ်စဉ်
အစဗျည်း​​လဲ​ တူ​​နေတယ်။ သရနဲ​့​​လဲ​ စဉ်လို့​​မရဖြစ်​​နေတဲ​့​​ အက္ခရာကို​​ရော ဘယ်လိုစဉ်ကြမှာပါလိမ့်​​။ အဲ​ဒီလို အက္ခရာ​​တွေကို​​တော့​​ အသတ်(-်) နဲ​့​​စဉ်း​​စား​​ရပါတယ်။ အဲ​ဒီလိုစဉ်း​​စား​​ရမှာလဲ​ဆိုရင်​​တော့​​ ဘယ်ဗျည်း​​နဲ​့​​ သတ်လဲ​ဆိုတာကို ကြည့်​​ပြီး​​ အစီအစဉ်တကျ စဉ်ရပါတယ်။ ဥပမာကြည့်​​ကြပါစို့​​။ စမ်း​​​ရေ၊​ စပ်မိစပ်ရာ၊​ ​​စောင်ဖြူ၊​ စစ်စခန်း​​၊​ စက်ရှင် ဆိုတဲ​့​​ အက္ခရာ​​တွေကို အစီအစဉ်တကျ ပြန်​​ရေး​​ရရင် စက်ရှင်၊​ ​​စောင်ဖြူ၊​ စစ်စခန်း​​၊​ စပ်မိစပ်ရာ၊​ စမ်း​​​ရေ လို့​​ အသတ်​​တွေအလိုက် အစီအစဉ်တကျ ပြန်​​ရေး​​ပါတယ်။
(၄) ဗျည်း​​တွဲ​စဉ်
အထက်​​ဖော်ပြပါ သုံး​​မျိုး​​ကို အသုံး​​ချပြီး​​ စဉ်လို့​​မရတဲ​့​​ မြန်မာအက္ခရာ​​တွေက ရှိ​​နေပြန်ပါ​​သေး​​တယ်။ အဲ​ဒီ အက္ခရာ​​တွေကို​​တော့​​ ဗျည်း​​တွဲ​စဉ်လို့​​ ​​ခေါ်တဲ​့​​ စဉ်နည်း​​နဲ​့​​ စဉ်ပါတယ်။ အဲ​ဒီဗျည်း​​တွဲ​​​တွေကို အစဉ်လိုက် ​​ဖော်ပြရရင် ယပင့်​​(-ျ)၊​ ရရစ်(ြ-)၊​ ဝဆွဲ​(-ွ)၊​ ဟထိုး​​(-ှ)၊​ ယပင့်​​ဝဆွဲ​(-ျွ) ၊​ ရရစ်ဝဆွဲ​(ြ-ွ)၊​ ယပင့်​​ဟထိုး​​(-ျှ)၊​ ရရစ်ဟထိုး​​(ြ-ှ)၊​ ဝဆွဲ​ဟထိုး​​ (-ွှ)၊​ ယပင့်​​ဝဆွဲ​ဟထိုး​​(-ျွှ)၊​ ရရစ်ဝဆွဲ​ဟထိုး​​(ြ-ွှ)၊​ တို့​​ဖြစ်ပါတယ်။ နား​​ရှုပ်​​နေပြီလား​​ ခင်ဗျာ။ ရပါတယ်။ ခပ်လွယ်လွယ် မှတ်ကြပါစို့​​၊​ ပင့်​​၊​ရစ်၊​ဆွဲ​၊​ထိုး​​ ပင့်​​ဆွဲ​၊​ရစ်ဆွဲ​ ပင့်​​ထိုး​​၊​ရစ်ထိုး​​၊​ ဆွဲ​ထိုး​​၊​ ပင့်​​ဆွဲ​ထိုး​​၊​ရစ်ဆွဲ​ထိုး​​၊​ လို့​​ မှတ်ရင် ပိုလွယ်မယ်ထင်ပါတယ်။
ဥပမာ ​​ပြောရရင်​​တော့​​ ​​မြွေ​​ဟောက်၊​ ​​မြေကြီး​​၊​ များ​​ပြား​​၊​ မွစာကြဲ​၊​ မှာတမ်း​​၊​ မြှား​​နတ်​​မောင်(တကယ်​​တော့​​ မြား​​နတ်​​မောင်က စာလုံး​​​ပေါင်း​​အမှန်ပါ၊​ ဥပမာအ​​နေနဲ​့​​ သုံး​​တာပါ)၊​ ​​မျှော့​​​ကောင်၊​ ​​မွှေး​​ပျံ့​​ ဆိုတဲ​့​​ အက္ခရာ​​တွေကို အစီအစဉ်တကျ စဉ်ရရင် များ​​ပြား​​၊​ ​​မြေကြီး​​၊​ မွစာကြဲ​၊​ မှာတမ်း​​၊​ ​​မြွေ​​ဟောက်၊​ ​​မျှော့​​​ကောင်၊​ မြှား​​နတ်​​မောင်၊​ ​​မွှေး​​ပျံ့​​ လို့​​ စဉ်ရပါတယ်။
မြန်မာ အက္ခရာစဉ်နည်း​​​တွေကို မှတ်မိသ​​လောက်​​လေး​​​တော့​​ ရှင်း​​ပြပြီး​​ပါပြီ။ ဒီလိုစဉ်နည်း​​​တွေကို မြန်မာ-အင်္ဂလိပ် အဘိဓာန်၊​ မြန်မာ-မြန်မာ အဘိဓာန်နဲ​့​​ မြန်မာစာလုံး​​​ပေါင်း​​ သတ်ပုံကျမ်း​​စာအုပ်​​တွေမှာ ​​လေ့​​လာရင် ​​တွေ့​​နိုင်ပါတယ်။ ဆယ်တန်း​​စာ​​မေး​​ပွဲ​အတွက် ခုံနံပါတ်​​တွေ ​​ပေး​​​တော့​​မယ်ဆိုရင်​​တော့​​ နာမည်​​တွေရဲ​့​​ ​​နောက်ဆုံး​​စာလုံး​​ကို အက္ခရာစဉ်ပြီး​​ ​​ပေး​​​လေ့​​ရှိတယ်လို့​​ သိရပါတယ်။
မြန်မာစာကို ချစ်မြတ်နိုး​​စိတ်သက်သက်နဲ​့​​ သင်ယူခဲ​့​​ဖူး​​တာ​​လေး​​ကို တင်ပြ​​ပေမယ့်​​ လိုအပ်ချက်၊​ မှား​​ယွင်း​​ချက် တစုံတရာ ရှိ​​ကောင်း​​ ရှိ​​နေအုံး​​မှာ​​သေချာပါတယ်။ ကျ​​နော့်​​ထက် ပိုမိုနား​​လည်သူ မိတ်​​ဆွေများ​​က ဝင်​​ရောက်​​ဆွေး​​​နွေး​​​ပေး​​ရင်​​တော့​​ ပြီး​​ပြည့်​​စုံတဲ​့​​ မြန်မာအက္ခရာစဉ်နည်း​​ စာတပုဒ် ဖြစ်လာမယ်လို့​​ ယုံကြည်ပါတယ်။
အား​​လုံး​​ ​​ကျေး​​ဇူး​​ပါ။
ကလို​​စေး​​ထူး​​

Credit: http://klosayhtoo.blogspot.com/2007/01/blog-post_30.html

0 responses to “ မြန်မာ အက္ခရာ စဉ်ကြမယ် … ”

Leave a Reply