ဆရာ မောင်ခင်မင် (ဓနုဖြူ) နှင့် မြန်မာစာ အရေးအသားအကြောင်း တစေ့တစောင်း
အလယ်တန်းကျောင်းသားဘဝ (၁၉၅၇)မှစ၍ စာနယ်ဇင်းများ တွင် ဆောင်းပါးများရေးသားခဲ့ပြီး၊ ယခုအချိန်ထိ ဘာသာစာပေဆိုင်ရာ ဆောင်းပါး ၈၀၀ ခန့် ရေးသား ခဲ့ကာ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် ဆုတို့ကို ပိုင်ဆိုင်ခဲ့သော ဆရာမောင် ခင်မင်(ဓနုဖြူ)နှင့် တွေ့ဆုံ၍ မြန်မာ စာအရေးအသားနှင့်ပတ်သက်သည့်် ပြောဟန် ၊ရေးဟန် ရောထွေးမှု ပြဿနာအကြောင်း မေးမြန်းဖြစ်ခဲ့ ရာ…
”မြန်မာလူမျိုးမှာ အပြောနဲ့ အရေးဟာ သိသိသာသာကွဲတယ်။ တစ်နည်းပြောရင် ပြောဟန်နဲ့ရေး ဟန်ကွဲ တယ်။ ကွဲပြားတယ်ဆိုတာက ကနေ့ နေ့တိုင်းစကားပြောတဲ့အခါ မှာ ပြောတဲ့အသုံးအနှုန်းနဲ့စာရေး တဲ့အခါမှာ ရေးတဲ့အသုံးအနှုန်းဟာ ကွာခြားချက်ရှိတယ်။
ဒါကြောင့် ကနေ့မြန်မာစကားအနေအထား မှာ အပြောသုံးစကားနဲ့ စာသုံးစ ကားဆိုပြီး ၂ မျိုးပြောလို့ရတယ်။ ဘာဖြစ်လို့ ၂ မျိုးကွဲပြားရလဲဆိုတဲ့ အကြောင်းကသမိုင်းကြောင်း အခြေခံ အမျိုးမျိုးရှိတယ်။
တချို့ဘာသာ စကားအသီးသီးမှာအပြောနဲ့အရေးဟာ သိသိသာသာကွဲပြားတယ်။ ကွဲပြား ရတဲ့အကြောင်းတစ်ခုက အရေး ဟာ ကျောက်စာ၊ မင်စာ၊ ပေစာ၊ ပုရပိုက်တွေပေါ်မှာ ရေးသားထား လို့ ရေရှည်ခံတယ်။ အပြောကတော့ လေပဲ။ ပြောပြီးရင် ပျောက် သွားတယ်။ အဲဒီသဘာဝရှိတော့ အပြောနဲ့အရေးမှာ အပြောဟာ အပြောင်းမြန်တယ်။ အရေးက စာနဲ့ ပေနဲ့ရေးထားလို့ အပြောင်းနှေး တယ်။ မပြောင်းဘူးလားဆိုတော့ မဟုတ်ဘူး။ ပြောင်းတယ်။ မြင်သာ တဲ့သာဓကနဲ့ပြောရင် ပုဂံခေတ်က စာနဲ့အခုခေတ်စာက မတူတော့ဘူး။စာအရေးအသားစပြီး တီထွင် တုန်းကအပြောနဲ့အရေးဟာ အတူ တူပဲလို့မှန်းဆတယ်။
ပုဂံခေတ်က ကျောက်စာတွေမှာ အပြောနဲ့အရေး ဟာ သိပ်မကွာဘူး။ ‘ရာဇကုမာရ်’ ကျောက်စာမှာ တိုက်ရိုက်စကား တွေပါတယ်။ ဝတ္ထုထဲမှာလိုပေါ့။ အဲဒီ အရေးအသား ကိုကြည့်ရင် အပြောမဟုတ်တဲ့ကျန်တဲ့ စကား နဲ့ယှဉ်ကြည့်ရင် အတူတူပဲ။ ဆိုလို တာက ရှေးကျတဲ့စာတွေမှာ (ပုဂံ ခေတ်၊ ပင်းယခေတ်၊အင်းဝ ခေတ်) ‘သည်’ဆိုတဲ့ စကားလုံးကိုပဲ စဉ်းစား ကြည့်။ စာထဲမှာ’သည်’ကို ဘာ ကြောင့်ရေးလဲဆိုတော့ စကားပြော ရင်လည်း ‘သည်’လို့ပြောလို့ဖြစ်မှာ ပေါ့။ ပုဂံခေတ်၊ အင်းဝခေတ် တွေမှာ အပြောလည်း’သည်’၊ အရေး လည်း ‘သည်’ပဲ။ နှစ်တစ်ထောင် လောက် ကြာလာတော့အပြော ‘သည်’ဟာ ‘တယ်’ဖြစ်သွားတယ်။
စာမှာတော့ ‘သည်’ဟာ ‘သည်’ပဲ။ ဒီကနေ့မှာ တော့ အရေးဟာ’သည်’၊ အပြော ဟာ ‘တယ်’ဆိုပြီး အပြောနဲ့ အရေး ကွာခြားတယ်။ အပြောနဲ့ အရေးမှာ များသောအားဖြင့် အဓိပ္ပာယ်ရှိတဲ့ နမ်တွေ၊ ကြိယာတွေ မပြောင်းဘူး။ ကြိယာမှာ’စား’၊ ‘ကြောက်’ကို အပြောရော၊အရေး ရောသုံးတယ်။
စာထဲမှာ နာမ်အနေ နဲ့ အမေကို ‘မိခင်’၊ သူခိုးကို ‘ခိုးသူ’လို့ သုံးတယ်။ အဲဒီလို နည်းနည်းကွာ တယ်။ အဓိက ကွာတာကသည်၊ ၏ ၍၊သော၊ ဿ၌ စတဲ့သဒ္ဒါ စကားလုံးတွေ ကွာတယ်” ဟု ရှင်းလင်းပြောပြပါ သည်။
မြန်မာစာပြောဟန်၊ ရေးဟန် သည် ထိုကဲ့သို့ သိသိသာသာ ကွာ ခြားနေသော်လည်း စာရေးသား ရာတွင် အပြောနှင့် အရေးကို မခွဲ နိုင်ဘဲ ရောထွေးနေသည်နှင့် ပတ်သက်၍လည်း…
ဒါဟာရောထွေးတဲ့သဘာဝ ပေါ့။ တချို့ဝတ္ထုတွေထဲမှာဆိုရင် ‘ကျွန်တော်သူ့ထံကို သွားတယ်’လို့ ရေးထားတယ်။ အမှန်တကယ်က ‘ကျွန်တော်သူ့ဆီကို သွားတယ်’လို့ ဖြစ်ရမှာ။ ဒီလိုအပြောနဲ့အရေးမကွဲ တာဟာ မြန်မာစာကို ခြေခြေမြစ် မြစ်တတ်ကျွမ်းအောင်မလေ့လာခဲ့ ဘူးဆိုတာမှန်းလို့ရတယ်။ နောက် အကြောင်းရင်းတစ်ခုက အခုခေတ် ကလေးတွေအများစုကစာကိုအလွတ် ကျက်တယ်။ ကျက်ပြီးတော့ ပြန်ရေးတယ်။
အဲဒီတော့ ကျက်ထားတဲ့စာ ကို အခြေ ခံပြီးမှပဲ ပြန်ရေးတတ် တော့တယ်။ အလွတ်ရေးဆို မရေး တတ်ဘူး။ စူးစူးစမ်းစမ်းလည်း မလေ့ လာဘူး။ စာဖတ်အားလည်း နည်းတဲ့ အတွက်ဘယ်ဟာအရေး၊ ဘယ် ဟာ အပြောဆိုပြီး ကွဲကွဲပြားပြားမသိ တော့ဘဲ စာရေးတဲ့အခါမှာ ရော ထွေးသွားတယ်။
အဲဒါ အရေးကြီးတဲ့ အချက်ပဲ။ စာအဖတ်အရှုများများ ဖြတ်သန်းပြီးတဲ့ သူဟာ စာမရေး တတ်စရာအကြောင်းမရှိတော့ဘူး။ ဒါကြောင့် စာဖတ်ဖို့ အချိန်များများ ပေးပါ။
စာပေနဲ့ အသက်မွေးတဲ့သူ ဆိုရင် ပိုပြီးဖတ်ဖို့လိုပါတယ်။ စာဖတ်ရာမှာလည်း တာဝန်တစ်ခုအနေနဲ့ ဖတ်တာ မဟုတ်ဘဲ ဝါသနာအရ ဖတ်ချင်တဲ့ စိတ်နဲ့ဖတ်ရင်တော့ ကောင်းတာပေါ့”ဟု တိုက်တွန်းပြော ကြားပြီး နောက် စာရေးသားရာတွင် အပြောဖြင့် ရေးခြင်း၊ အရေးဖြင့် ရေး ခြင်းတွင် မည်သည့်အချက်က ပို ကောင်းသည်ဟူသည်ကိုလည်း..
”ဒီနေ့ခေတ်မှာ အပြောနဲ့ ရေး တာကောင်းလား၊ အရေးနဲ့ရေး တာ ကောင်းလားလို့ မေးနေစရာ အကြောင်းမရှိဘူး။ တစ်ချိန်ကတော့ စကားပြောနဲ့ရေးမှ လူထုနဲ့နီးစပ် တယ်တို့ ဘာတို့ပြောကြတယ်။ ဒါ ပေမဲ့မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ မှာ အရေးနဲ့ရေးထားတဲ့ ပိဋကတ် တော်တွေ၊ ကျမ်းစာတွေ၊ စာကြီးပေ ကြီးတွေကရှိနေတော့ ရေးဟန်နဲ့ လည်း ရေးနေရမှာပဲ။ ဖတ် နေရမှာ ပဲ။ ဂျာနယ် တွေထဲက ပေးစာတွေလို စကားပြောတွေဟာလည်း ကနေ့ အပြောစကားနဲ့ ပြောနေရမှာပဲ။ သူ့ နေရာနဲ့သူပေါ့။
အဓိကကတော့ အပြောနဲ့ပဲရေးရေး၊ အရေးနဲ့ပဲရေး ရေး အကြောင်းအရာ၊ ပရိသတ်၊ ရည်ရွယ်ချက်ပေါ်မူတည်ပြီး ကွဲပြား သွားတယ်။ သူငယ်ချင်းဆီစာရေးရင် စာသံပေသံနဲ့ ‘သူငယ်ချင်း၊ ငါစာ အားဖြင့် ရေးသားလိုက်ပါသည်’ လို့ ဘယ်သူမှမရေးဘူး၊ ‘သူငယ်ချင်း ငါစာရေးလိုက်တယ်’လို့ပဲရေးမှာပေါ့။ ဒါမှ အသက်ဝင်နိုင်မယ်လေ။ တစ်ယောက်နဲ့တစ်ယောက်ပြောတဲ့ စကားကို အပြောနဲ့မရေး လို့ ဘာနဲ့ ရေးမလဲ။ ဟောပြောချက်၊ ဆွေးနွေး ချက်တွေကို အပြောနဲ့ရေးသင့်ရင် ရေးရမယ်။ တစ်ဖက်ကလည်း ရေး ဟန်နဲ့ရေးတဲ့စာကို ထိန်းသိမ်းထား ရမယ်။ ဆရာတော်ဘုရားဆီ လျှောက်မယ်ဆိုရင်တော့ ‘ဆရာတော်ဘုရား၊ တပည့်တော်လျှောက် ထားအပ်ပါသည်’ လို့ ရေးရမှာပေါ့။
ဒါပေမဲ့ တစ်ခုသေချာတာက ကနေ့ ခေတ်မှာ ရေးဟန်နဲ့ရေးတဲ့အတိုင်း တိတိကျကျ ဘယ်သူမှ စကားမ ပြောတော့ဘူး” ဟု ဆွေးနွေးပေးခဲ့ ပြီးနောက် မိမိတို့ မြန်မာစာသည် အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာရှိခဲ့ပြီး ဖြစ်သောကြောင့် စာရေးသားရာ တွင် ချောချောမွေ့မွေ့နှင့် ဖတ် ကောင်းသော စာဖြစ်စေချင် ကြောင်း၊ သို့မဟုတ်လျှင် မိမိတို့ မြန်မာစာသည် စနစ်မကျ၊ အစီ အစဉ် မကျနှင့် အရုပ်ဆိုးသွားစေ နိုင်ကြောင်းလည်း ပြောကြားခဲ့ပါ သည်။
နေဇာလင်း
နေဇာလင်း
http://popularmyanmarnews.com/epaper/?p=2138
0
responses to “
ဆရာ မောင်ခင်မင် (ဓနုဖြူ) နှင့် မြန်မာစာ အရေးအသားအကြောင်း တစေ့တစောင်း
”