မြန်မာအက္ခရာတို့၏ ကိန်းဂဏန်းကိုယ်စားပြုတန်ဖိုးများ
According to our traditional astronomy, all alphabets have its each numerical values:
alphabets begining with these characters | stands for this numerical value |
(ည) | ၀ |
အဧဩ | ၁ |
ကခဂဃင | ၂ |
စဆဇဈည | ၃ |
ယရလဝ | ၄ |
ပဖဗဘမ | ၅ |
သဟ | ၆ |
တထဒဓန | ၇ |
(ဟဠ) | ၈ |
(ဋ) | ၉ |
Some Proverbs that Tells
This is the proverb, that every Myanmar knows. It tells the number of pagodas in Bagan.
လှည်းဝင်ရိုးသံတညံညံ၊ ပုဂံဘုရားပေါင်း
‘လဝရသတညည’=၄၄၄၅၆၃၃
This saying can be decoded as… “There actually were 4,445,633 pagodas in Bagan.”
ဂဂယ်သုံးခု၊ ဥသျှစ်ထု
‘ဂဂဂ’= ၈၈၈
This saying can be decoded as…
“Innwa Kingdom falls at ME 888″
ဥဩအော်မြည်၊ ကုန်းဘောင်တည်
This saying can be decoded as…
“Konbaung Dynasty got established in ME 1114″.
အုတ်ကျစ်ကျော်အေး၊ မန္တလေး
အကကအ= ၁၂၂၁
This saying can be decoded as…
“The city of Mandalay was built in ME 1221.
မြန်မာတွေ နာမည်မှည့်ရာမှာ အသုံးပြုတဲ့ နံသင့်သင်္ချာအရ ဂဏန်းတွေကို မှတ်သားတဲ့နည်းတွေကတော့
- က-ခ-ဂ-ဃ-င တနင်္လာ-၂။
- စ-ဆ-ဇ-ဈ-ည အင်္ဂါ-၃။
- ဋ-ဌ-ဍ-ဎ-ဏ
- တ-ထ-ဒ-ဓ-န စနေ-၇ (သို့မဟုတ် ၀-သုည)
- ပ-ဖ-ဗ-ဘ-မ ကြာသပတေး-၅။
- ယ-ရ-လ-၀ ဗုဒ္ဓဟူး-၄။
- သ-ဟ သောကြာ-၆။
- အ-အာ-ဣ-ဤ-ဥ-ဥူ-ဧ-ဩ တနင်္ဂနွေ-၁
ဒါငယ်ငယ်က ရွတ်ဆိုခဲ့ရတဲ့ သင်ပုန်းကြီးဖတ်စာထဲက ကကြီး ခခွေး အစဉ်အတိုင်းပြောတာပါ။
အဲ ဠ-က-လ နဲ့ အသံအတူတူ ဖြစ်လို့ ဗုဒ္ဓဟူးလို့ မှတ်နိုင်ပါတယ်။
ရ-နဲ့ ဠ ကို ရာဟုလို့မှတ်ပြီး ၈-ဂဏန်းအဖြစ်လည်း မှတ်ကြပါတယ်။
မြန်မာတွေ နာမည်မှည့်ရာမှာ နေ့နံသင့်တဲ့ စာလုံးတွေနဲ့ မှည့်ကြတယ်မဟုတ်လား။ အဲဒီစာလုံးတွေကို ဂဏန်းသင်္ချာနဲ့ပြရင် အဲဒီလိုပြပါတယ်။ နေ့နံ ဂဏန်းအစဉ်နဲ့ ပြန်ပြောရင်-
- တနင်္ဂနွေ-၁။
- တနင်္လာ-၂။
- အင်္ဂါ-၃။
- ဗုဒ္ဓဟူး-၄။
- ကြာသပတေး-၅။
- သောကြာ-၆။
- စနေ-၇ (သို့မဟုတ်) ၀ သုညပေါ့။
မြန်မာသက္ကရာဇ် ၁၁၁၅-ခုနှစ်မှာ ကုန်းဘောင်မြို့ တည်တယ်လို့ ဆိုလိုတာပါ။
အုတ်ကျစ်ကျော်အေး မန္တလေး-ဆိုတာကလည်း ၁၂၂၁-ခုနှစ်မှာ မန္တလေးမြို့ တည်တယ်လို့ မှတ်သားတာပါ။
အဲဒီလိုပဲ မှတ်သားတာတွေ အများကြီးရှိပါတယ်။ မင်ကွန်းခေါင်းလောင်းကြီးရဲ့ ကြေးပိဿာချိန်ကို မင်းဖြူမှန်မှန်ပြော-လို့ မှတ်တယ်။ ၅၅၅၅၅-ပိဿာရှိတယ်လို့ ဆိုလိုတာပါ။
လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း-လို့ မှတ်သားရာမှာတော့ ရှေ့က လှည်းဝင်ရိုးသံ-ကို အဓိကဆိုလိုတယ်လို့ ယူဆကြပါတယ်။ ၄၄၄၆-ဆူပေါ့။
တညံညံထိ ယူရင်တော့ ၄၄၄၆၇၃၃-လို့ ယူရမှာမို့ သိပ်များနေတယ်။
ပုဂံမှာ ဘုရားပေါင်း အဲဒီလောက်မရှိနိုင်ဘူးလို့ ဆိုကြပါတယ်။ ဒါက ဆက်စပ်ပြီး ရှင်းပြတာပါ။ မြန်မာစာပေတွေမှာ ခုနှစ် သက္ကရာဇ် ကိန်းဂဏန်းတွေကို အဲဒီနည်းနဲ့ ဖော်ပြလေ့ရှိကြပါတယ်။ တခြားသင်္ချာနည်းတွေလည်း ရှိပါသေးတယ်။ ဒီလောက်ဆိုရင် ပြည့်စုံပြီထင်ပါတယ်။
0
responses to “
မြန်မာအက္ခရာတို့၏ ကိန်းဂဏန်းကိုယ်စားပြုတန်ဖိုးများ
”